3 w - Translate

"တိမ်တွေဟာ သိပ်လှတာပဲလို့ ကိုယ်ပြောရင် မင်းယုံလိုက်ပါ"☁☁
----------
☁☁တိမ်နဲ့ချည်တဲ့ကြိုး - ဂျူး☁☁
ရင်ထဲတန်းလန်းကြီး ကျန်ခဲ့လို့ တော်တော်နဲ့ Review မရေးနိုင်သေးတဲ့ စာအုပ်လေး။ တိမ်တွေဝေနေတဲ့ ချင်းပြည်ရဲ့ အရသာ...ဖတ်ပြီး ချင်းပြည်နယ်ကို အပြေးသွားချင်လောက်တဲ့အထိ ချင်းပြည်နယ်ကို နောက်ခံထားကာ ရေးဖွဲ့ထားတဲ့ ရသစာအုပ် တစ်အုပ်ဖြစ်ပါသည်။
ဇာတ်လမ်း၏အစတွင် ငွေဝန်း၏ နောင်တများ၊ စိတ်ကျရောဂါ ဝေဒနါများနှင့် ဟားခါးခရီးကို ထွက်လာတော့ အတိတ်ကနာကျဥ်မှုများကို တောင်ပေါ်က တိမ်ငွေ့တွေနဲ့ ကုစားဖို့ ခရီးထွက်တာလား၊ တောင်ပေါ်က ရလာတဲ့ ဒဏ်ရာ တောင်ပေါ်မှာပဲကုဖို့ ချင်းတောင်ကို ပြန်သွားတာလား ထိုသို့အတွေးပွားမိသည်။ သူမရဲ့ ဒါဏ်ရာတွေကရော ဘယ်ကရလာတာပါလိမ့်။ နတ်ဆေးဂမုန်းပင်ကို တွေ့လိုက်ရုံနဲ့ သူမ ဘာကြောင့် အတိတ်က ဒဏ်ရာကို သတိရသွားတာပါလိမ့်ဟု နောက်မှ အဖြေသိရသည်။ သူမကြောင့်..သူမကြောင့်..လူတစ်ယောက် ဆုံးရှုံးခဲ့ရတယ်...သေဆုံးခဲ့ရတယ်...ဒီနောင်တကနေဝေးရာ ဘယ်မှ မပြေးနိုင်တော့ တောင်တန်းဒေသတွေဆီကို ပြန်ရောက်လာခဲ့တဲ့ သုတေသန လုပ်နေတဲ့ ဆရာမလေး ငွေဝန်းသော်တာ။ သူကြောင့် နောက်ထက်လူတစ်ယောက် ဆုံးရှုံးမှာစိုးရိမ်စိတ်နဲ့ နောက်ဆုံး......။
တိမ်နဲ့ချည်တဲ့ကြိုး ဆိုတဲ့အတိုင်း အေးအေးလေးနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းလေး ဖတ်ရပြီး သံယောဇဥ်တစ်ခုခု ရစ်ကျန်ခဲ့သလို ရသစွမ်းရည်ကို ခံစားရစေမယ့် စာအုပ်လေး။ ထို့ပြင် ချင်းပြည်နယ်ရဲ့အလှ ၊ တိမ်တွေဝေတဲ့ အရပ်ဒေသ ဖတ်နေရင်း အိပ်ယာထဲ တိမ်တွေဝင်လာသလို ခံစားမှု ပေးနိုင်မယ့် စာအုပ်လေး။ အောက်ချင်းငှက်တို့၏ သဘာဝ ၊ချင်းတိုင်းရင်းသားတို့၏ စကားပြောပုံ ခပ်ပြတ်ပြတ်နှင့် ချစ်စရာ ထျန်းအုခ်ထန် တို့မောင်နှမတို့ရဲ့ ဘဝများကို ကြည်နူးဖွယ် ခံစားရပေဦးမည်။
ဆရာမဂျူးရဲ့ ထုံးစံအတိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း ပြောပေးတဲ့ ဇာတ်ကောင် ပိုင်စိုး။ သံယောဇဥ်တွေ ဘယ်တွယ်တာ နှောင်ဖွဲ့မှုတွေက ပိုင်းစိုးနဲ့ ဘွေ့ပီးတို့ရဲ့ အနာဂတ်ကို မချုပ်နှောင်နိုင်ခဲ့ပေမယ့် ဘွေ့ပီးကို ချစ်ရသူ ဆုတ်ကျဲရ်လျန်ကတော့...နာကျဥ်စွာနဲ့ ခါးသီးစွာ ပြုံးပြီး နှုတ်ဆက် ကဗျာလေး ရွတ်ဆိုပြခဲ့တယ်။
" ဆုံးရှုံးရခြင်း အတတ်ပညာဟာ တစ်ဖက်ကမ်းခတ် တတ်မြောက်ဖို့ မခက်ခဲပါဘူး။
အများစု အရာတွေဟာ ပျောက်ဆုံးဖို့သက်သက် ရည်ရွယ်ထားသလို ပဲမို့
သူတို့ကိုဆုံးရှုံးရလို့တော့ ဆောက်တည်ရာမရ ဖြစ်ဖို့မလို။
နေ့တိုင်း နေ့တိုင်း တစ်ခုခုတော့ ပျောက်ဆုံးနေကြတာပဲ။
တံခါးသော့ပျောက်တဲ့ စိတ်တိုခြင်းတွေ၊
ဆိုးဆိုးရွားရွား ကုန်ဆုံးသွားတဲ့ အချိန်နာရီတွေ။ ဆုံးရှုံးရခြင်း အတတ်ပညာဟာ တစ်ဖက်ကမ်းခတ် တတ်မြောက်ဖို့ မခက်ခဲပါဘူး။
ဒီတော့ နေရာတွေ နာမည်တွေ နောက်ထပ် နောက်ထပ် ဆုံးရှုံးဖို့ ပိုပြီး မြန်မြန်ဆုံးရှုံးဖို့ လေ့ကျင့်ရမှာပေါ့...."
----
စာဖတ်ခြင်းသည် သင်၏အနာဂတ်ကို တိုးတတ်ပြောင်းလဲစေသည်။

image