အိမ်ချက် ကြက်ဆီထမင်း ချက်နည်း မွှေး၊ ချိုဆိမ့်၊ နူးညံ့ပြီး အရသာပြည့် 🍗🥰😋
🐔 ကြက်သားပြုတ်နည်း......
၁။ ကြက်သားကို သန့်စင်အောင်ဆေးပြီး ဆားအနည်းငယ်ထည့်ကာ ရေနွေးဆူထဲ ပြုတ်ပါ။
၂။ ၁၅-၂၀ မိနစ်ခန့် ပြုတ်ပြီးပါက ကြက်သားကျက်ပါပြီ (ကြာကြာမပြုတ်ပါနဲ့၊ ကြက်သားမာသွားနိုင်ပါတယ်)။
၃။ ကြက်သားကို ဆယ်ပြီးအအေးခံထားပါ။ ပြုတ်ရည်ကိုတော့ ထမင်းချက်ရန်နှင့် ဟင်းချိုလုပ်ရန် သိမ်းထားပါ။
🍚 ကြက်ဆီထမင်းချက်နည်း.....
၁။ ဆီအနည်းငယ်ဖြင့် နုပ်နုပ်စဉ်းထားသော ဂျင်းနှင့် ကြက်သွန်ဖြူတို့ကို မွှေးလာသည်အထိ မီးအေးအေးဖြင့် ဆီသတ်ပါ။
၂။ ဆီသတ်မွှေးလာရင် သန့်စင်ထားသော ဆန်မွှေးကို ထည့်ပြီး ၁-၂ မိနစ်လောက် သမအောင် ရောမွှေပေးပါ။
၃။ အဲဒီနောက် ဆန်ကို ထမင်းပေါင်းအိုးထဲထည့်ပြီး ရေအစား ကြက်သားပြုတ်ရည်ကိုထည့်ပြီး ချက်ပါ။ (ထမင်းနူးအိစေဖို့ ပုံမှန်ထက် အနည်းငယ်ပိုထည့်ပေးပါ)
၎။ ထမင်းပေါင်းအိုးကို ပုံမှန်အတိုင်း ချက်ရန်နှိပ်ပါ။
၅။ ထမင်းပေါင်းအိုးက အချိန်ရေတွက်ရန် စတင်တဲ့အခါ (၅-၇ မိနစ်လောက် အလိုမှာ)၊ ကြက်သားကို ထမင်းပေါ်တင်ပြီး အိုးအဖုံးကိုပြန်ပိတ်ကာ ဆက်ပြီး ချက်ပါ။
✅ အဲဒီလိုချက်လျှင် ထမင်းသည် နူးညံ့၊ မွှေးကြိုင်ပြီး မပျော့လွန်းပါဘူး။ ကြက်သားကလည်း နူးညံ့ပြီး နွေးနွေးလေး ဖြစ်နေပါလိမ့်မယ်။
🌶️ ကြက်ဆီထမင်းဆော့စ်ပြုလုပ်နည်း......
၁။ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ကို အတူတူ ထောင်းပါ။
၂။ ပဲငံပြာရည်အချို၊ ပဲငပိအနှစ်၊ သကြား၊ သံပရာရည်တို့ဖြင့် ရောမွှေပြီး အရသာဖြည့်ပါ။
၃။ မိမိနှစ်သက်ရာ အချဉ်၊ အငန်၊ အချို သုံးမျိုးစလုံးကို လိုသလောက် ရအောင်ထည့်ပြီး ရောမွှေပါ။
🍲 ဖရုံသီးဟင်းရည်ချက်နည်း.....
၁။ ကျန်နေတဲ့ ကြက်ပြုတ်ရည်ကို အသုံးပြုပါ။
၂။ ပဲငံပြာရည်အကြည်၊ ဆား (သို့မဟုတ် အခြားအရသာမှုန့် အနည်းငယ်) တို့ဖြင့် အရသာဖြည့်ပါ။
၃။ နံနံပင်အရင်း၊ ငရုတ်ကောင်းစေ့နှင့် ကြက်ရိုးတို့ကို ထည့်ပြီးဆက်ပြုတ်ပါ။
၄။ ပါးပါးလှီးထားတဲ့ ဖရုံသီးကို ထည့်ပြီး ဖရုံသီးနူးအိလာသည်အထိ ပြုတ်ပါ။
၅။ ဟင်းရည်ကြည်လင်စေရန် အပေါ်ယံအမြှုပ်များကို မကြာခဏ ခပ်ထုတ်ပေးပါ။
📝 လျှို့ဝှက်ချက်
* ထမင်းမချက်ခင် ဆန်ကို ဆီသတ်ခြင်းသည် ထမင်းကို
ပိုမွှေးပြီး အရသာရှိစေပါတယ်။
* ကြက်ပြုတ်ရည်နှင့် ချက်ခြင်းက ထမင်းကို အရသာပိုရှိ
စေပါတယ်။
* ကြက်သားကို ထမင်းကျက်ခါနီးမှ ထည့်ခြင်းက ထမင်းကို
ကြက်သားနံ့ မွှေးစေပြီး ကြက်သားကိုလည်း မခြောက်စေ
ပဲ နူးညံ့စေပါတယ်။