3 w - Translate

ဇီဇဝါအဝိုင်းပေါ်ကို ဆိုင်ကယ်ဖြင့်အရှိန်လွန်ကာ အက်ရှင်ဆန်ဆန်ကျော်တက်သွားသည့်အမျိုးသား ထိခို-က်ဒ-ဏ်ရာများရ
နေပြည်တော်၊ ပြန်ကပြေးကျေးရွာအနီးရှိ ဇီဇဝါအဝိုင်းပေါ်သို့ ဆိုင်ကယ်ဖြင့်အရှိန်လွန်ကာ ကျော်တက်ခဲ့သည့်အမျိုးသားတစ်ဦး ထိခိုက်ဒ-ဏ်ရာများရရှိခဲ့မှု အောက်တိုဘာ ၈ ရက်ည ၁၁ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း မိုးစေတနာပရဟိတအသင်းထံမှ သိရသည်။
ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးသည် ပြန်ကပြေးရွာအနီးရှိ ဇီဇဝါအဝိုင်းအရောက် အရှိန်မထိန်းနိုင်ဘဲ ဇီဇဝါအဝိုင်းအား ကျော်တက်ကာလွင့်စင်ကျသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားမှာ ထိခို-က်ဒ-ဏ်ရာများရရှိ၍ သတိမေ့နေသဖြင့် မိုးစေတနာပရဟိတအသင်းမှ ကူညီမှုများပြုလုပ်ပေးပြီးနောက် နေပြည်တော် ကုတင်-၁၀၀၀ ဆေးရုံကြီးသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Photo-မိုးစေတနာအသင်း

image