မလေးရှား နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို ဒီကနေ့လာပြီး မြန်မာ့အရေးဆွေးနွေးမယ်
အောက်တိုဘာ ၉
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟတ်ဆန်ဟာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲ၊ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တွန်းအားပေး ဆွေးနွေးဖို့ ဒီကနေ့ အောက်တိုဘာ ၉ ရက်မှာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်တယ်လို့ မလေးရှားအစိုးရက ထုတ်ပြန်ပါတယ်။
မလေးရှားဟာ ယခုနှစ် အာဆီယံဥက္ကဋ္ဌဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဟာဆန်ရဲ့ နေပြည်တော် နေချင်းပြန်ခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဝန်ကြီးချုပ် ဦးညိုစောအပြင် နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို စက်တင်ဘာ ၁၉ ရက်မှာ ကနဦးစီစဉ်ထားပေမယ့် အထမမြောက်ခဲ့ပါဘူး။ မြန်မာ့အရေး ဖြေရှင်းရေးမှာ အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်မဖော်ဘူးဆိုကာ မြန်မာထိပ်တန်းတာဝန်ရှိသူတွေက အာဆီယံထိပ်သီးဆွေးနွေးပွဲတွေက ဖယ်ထုတ်ထားဆဲဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒီဇင်ဘာ ၂၈ ရက်မှ စတင်ကာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ မြန်မာအာဏာပိုင်တွေက စီစဉ်ထားပါတယ်။ အာဆီယံသည် ရွေးကောက်ပွဲကို ဦးစားပေးအဖြစ် မရှုမြင်ဘဲ ၎င်း၏ ငြိမ်းချမ်းရေး ကတိကဝတ်တွေကို လိုက်နာအကောင်အထည်ဖော်ဖို့ တောင်းဆိုထားပါတယ်။
ရွေးကောက်ပွဲမှာ အတိုက်အခံအင်အားစုတွေ အားလုံးမပါဝင်တဲ့အပေါ်လည်း ပြည်တွင်း ပြည်ပ ဝေဖန်မှုတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။
Ref: Starits Times
Photo:Reuters
Credit - Voice of myanmar News Agency
#သတင်းဟင်းလေးအိုးကြီး