ဝက်ဂုတ်သားကုန်းဘောင်ကြော်
•••••••••••••••••••••••••••••••
ဝက်ဂုတ်သား...............၂၀ကျပ်သား
ကြက်သွန်နီ..................၁လုံး
ပန်းငရုတ်ပွ..................၁လုံး
ခရမ်းချဉ်သီး................၁လုံး
ကြက်သွန်မြိတ်.............၃ပင်
ချင်းသေးသေး..............၁တက်
တရုတ်မဆလာ............အနည်းငယ်
ခရုဆီ.. .....................၂ဇွန်း
ပဲငံပြာရည်အကြည်.......၂ဇွန်း
အနောက်ရည်..............အနည်းငယ်
သကြား......................အနည်းငယ်
ဝက်ဂုတ်သားကိုပါးပါးလှီးပြီးအရသာအနည်းငယ်သွင်းထားပါ။
ကြက်သွန်နီ ၊ပန်းငရုတ်ပွ၊ခရမ်းချဉ်သီးကို လေးစိတ်လှီးပါ။
ချင်းကိုအမျှင်ငယ်များအဖြစ်လှီးပါ။
ပူနေတဲ့ဒယ်အိုးမှာဆီအနည်းငယ်ကိုထည့်ပြီးလေးသိတ်လှီးထားသောကြက်သွန်နီ၊ပန်းငရုတ်ပွတို့ကိုအနည်းငယ်နွမ်းအောင်ကြော်ပြီးစစ်ယူပါ။
ခရမ်းချဉ်သီးကိုလဲသီးသန့်ထည့်ကြော်ပြီးစစ်ယူပါ။
ဆီအနည်းငယ်ထပ်ဖြည့်ပြီးအမျှင်လှီးထားသောချင်းကိုထည့်ကြော်ပါ။အနည်းငယ်မွှေးလာလျှင်ဝက်ဂုတ်သားတွေထည့်ကြော်ပါ။
ချက်ချင်းဆိုသလိုပါဝင်သောအရသာများကိုအမြန်ဖြည့့်စွက်ပါ။
စစ်ယူထားသောအသီးအရွက်တွေထည့်ပြီး၁လက်မခန့်လှီးထားသောကြက်သွန်မြိတ်လေးဖြူးထည့်ပါ။
တရုတ်မဆာလာမှုန့်လေးဖြူးပြီးသုံးဆောင်ပါ။