ရာသီအကုန်တွင် မားကပ်စ်ရက်ဖို့ဒ်အား အပြီးသတ် ခေါ်ယူရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်တဲ့ ဘာစီလိုနာ

အောက်တိုဘာ ၉

ဘာစီလိုနာဟာ ရာသီအကုန်တွင် မားကပ်စ်ရက်ဖို့ဒ်အား အပြီးသတ် ခေါ်ယူရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ နွေရာသီတုန်းက ယူနိုက်တက်မှ ဘာစီလိုနာသို့ အငှားဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

ရက်ဖို့ဒ်ဟာ တနင်္ဂနွေနေ့တုန်းက ဆီဗီလာရှုံးပွဲတွင် ပထမဆုံးလာလီဂါဂိုးသွင်းယူထားနိုင်မှုအပါအဝင် ဘာစီလိုနာအတွက် ၃ ဂိုးသွင်းကာ ၅ ကြိမ် ဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။

ယနေ့တွင် စပိန်မီဒီယာများရဲ့ ဖော်ပြလာမှုအရ ဘာစီလိုနာဟာ ရာသီအကုန်တွင် ရက်ဖို့ဒ်အား အပြီးသတ် ခေါ်ယူရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ဘာစီလိုနာဟာ မားကပ်စ်ရက်ဖို့ဒ်အား အပြီးသတ် ခေါ်ယူရန်အတွက် ယူနိုက်တက်အား ပေါင် ၂၆ သန်းပေးလာရပါမယ်။

ဒါပေမယ့် ဘာစီလိုနာမှာ ဘဏ္ဍာရေးပြဿနာများနှင့် ကြုံနေရကာ အသုံးစရိတ်ကန့်သတ်ခြင်းခံထားရမှုနှင့်အတူ ရက်ဖို့ဒ်အနေဖြင့် လက်ရှိ တစ်ပတ်လုပ်ခ ပေါင် ၃၂၅၀၀၀ အား လျော့ယူလာရဖို့ရှိနေပါတယ်။

ဒါ့အပြင် ဘာစီလိုနာဟာ ရက်ဖို့ဒ်အား သက်သာတဲ့ ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ရေးအတွက် ယူနိုက်တက်နှင့်လည်း ဆွေးနွေးလာနိုင်ကြောင်း သိရပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image