အိမ်နီးနားတစ်ဝိုက် ဘယ်နေရာမှာပဲဖြစ်ဖြစ် သခွတ်ပွင့်ရှိရင် မြန်မြန်သွားခူးပြီး စားလိုက်ပါ! 
ဒီသခွတ်ပွင့်က လိပ်ခေါင်းရောဂါကို သက်သာစေနိုင်သလို ဆီးရွှင်/ဝမ်းမှန်စေတဲ့ အာနိသင်လည်း ရှိပါတယ် 
အူအတွင်းရှိ လေများကို ထုတ်ပေးနိုင်ခြင်း နှင့် ဗိုက်အောင့်ခြင်းကို သက်သာစေပြီး ညဘက် အိပ်မပျော်တတ်သူများ အတွက် အိပ်ပျော်လွယ်စေရန် ကူညီပေးပါတယ်။ 
ဟင်းချိုထဲ ထည့်၍ ချက်စားခြင်း သို့မဟုတ် သခွတ်ပန်းဟင်းချို သီးသန့် ချက်သောက်ခြင်း (သို့)ပြုတ်၍ တို့စရာအဖြစ် စားရင်လဲဝမ်းမှန်စေပြီး ဝမ်းကိုလည်း လွယ်လွယ်သွားစေပါတယ်။ဝမ်းမှန်လာတဲ့အခါမှာတော့ လိပ်ခေါင်းရောဂါပါ သက်သာလာနိုင်တာမို့ လိပ်ခေါင်းရောဂါရှိသူများအတွက် အရမ်းကို ကောင်းမွန်တဲ့ ဆေးတစ်လက် ဖြစ်ပါတယ်။ 
သခွတ်ပွင့်ရဲ့ အရသာဟာ ခါးသက်သက်လေး ဖြစ်ပေမယ့် စားလို့ကောင်းတဲ့ အရသာမျိုးပါပဲ။ 
ဒါကြောင့် ကျွန်တော်တို့အားလုံး သခွတ်ပွင့်ကို ပြုတ်စားကြရအောင်နော်..
 
         
 
		  
		 
		 
		 
		 
                