3 ပတ် - ဘာသာပြန်ပါ။

ပတ်စ်ပို့အခိုးခံခဲ့ရတဲ့ နယ်သာလန်သမိုင်းတွင် ဂိုးအများဆုံးသွင်းထားသူအား မော်တာနှင့်ပွဲတွင် ပွဲထွက် ကစားသမားအဖြစ် အသုံးပြုလာမှာ မဟုတ်ကြောင်း ကိုးမန်းအတည်ပြု

အောက်တိုဘာ ၉

နယ်သာလန်နည်းပြရော်နယ်ကိုးမန်းက မော်တာနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားတဲ့ မမ်ဖစ်ဒီပေး ပွဲထွက်ကစားလာမှာ မဟုတ်ကြောင်း အတည်ပြုလာပါတယ်။

ဘာစီလိုနာနှင့် ယူနိုက်တက်စတားဟောင်းဟာ ဘရာဇီးတွင် ပတ်စ်ပို့ပျောက်ဆုံးမှုကြောင့် နယ်သာလန်အသင်းနှင့် ပူးပေါင်းရေး ခရီးသွားရန် ခက်ခဲခဲ့ပါတယ်။

သူဟာ ပတ်စ်ပို့ပျောက်ဆုံးမှုကြောင့် တစ်ရက်နောက်ကျပြီး အင်္ဂါနေ့တွင်မှ နယ်သာလန်အသင်းနှင့် ပူးပေါင်းနိုင်ခဲ့ပါတယ်။

de Gelderlander ရဲ့ဖော်ပြလာမှုအရ ဒီပေးဟာ ညဉ့်နက်သန်းခေါင်အချိန်တွင် ပတ်စ်ပို့ အခိုးခံရမှုကြောင့် လေယာဉ် လွဲချော်သွားခဲ့ကြောင်း နည်းပြကိုးမန်းထံ အကြောင်းကြားခဲ့ကြောင်း သိရပါတယ်။

ဒါပေမယ့် နောက်နေ့မှာတော့ သူဟာ အရေးပေါ် ခရီးသွား စာရွက်စာတမ်းဖြင့် ဘရာဇီးမှ ရှစ်ပိုးလ်သို့ ခရီးသွားနိုင်ခဲ့ပါတယ်။

ယခုအခါ ကိုးမန်းက ဒီပေးမှာ လက်ရွေးစင်အသင်းနှင့် ပူးပေါင်းမှု နောက်ကျလာမှုနှင့်အတူ အရန်ခုံမှာသာ ထိုင်နေရတော့မှာ ဖြစ်ကြောင်း အတည်ပြုလာပြီ ဖြစ်ပါတယ်။

ရော်နယ်ကိုးမန်းဟာ ဒီပေးမပါဝင်နိုင်မှုနှင့်အတူ မော်တာနှင့်ပွဲတွင် ဒတ်ချ်အတွက် ၄၅ ပွဲ ကစားထားရာမှာ ၁၁ ဂိုးသွင်းထားတဲ့ မာလန်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုလာဖို့ ရှိနေပါတယ်။

ဒီပေးဟာ နယ်သာလန်အတွက် ၁၀၂ ပွဲကစားထားရာတွင် ၅၁ ဂိုးသွင်းယူထားကာ နယ်သာလန်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image