3 w - Translate

နိုင်ငံခြားခရီးသွားတွေဆီက ဝင်ကြေး ဘတ် ၃၀၀ ကောက်ခံမယ့် စီမံချက်ကို ထိုင်းနိုင်ငံက ၄ လအတွင်းအပြီးသတ်မယ်
ထိုင်းအစိုးရဟာ နိုင်ငံခြားခရီးသွားတွေဆီက ဝင်ကြေး ဘတ် ၃၀၀ (စင်ကာပူဒေါ်လာ ၁၂) ကောက်ခံမယ့်စီမံချက်ကို ၄ လအတွင်း အပြီးသတ်ဖို့ ရည်မှန်းထားတယ်လို့ ထိုင်းနိုင်ငံရဲ့ခရီးသွားလာရေးနဲ့အားကစားဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
ကာလအတန်ကြာ ဆွေးနွေးခဲ့ပေမဲ့ ပြဌာန်းခြင်းမရှိသေးတဲ့ အခုလိုကောက်ခံမယ့် အဆိုပြုချက်ဟာဆိုရင် လေကြောင်းနဲ့ပဲဖြစ်ဖြစ် ကုန်ကြောင်းနဲ့ပဲဖြစ်ဖြစ် ရေကြောင်းနဲ့ပဲဖြစ်ဖြစ် လာရောက်တဲ့နိုင်ငံခြားသားအားလုံး အကျုံးဝင်မှာဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းဘေးကင်းရေး၊ သက်သာချောင်ချိရေးနဲ့ အခြေခံအဆောက်အဦးတွေကို ပံ့ပိုးဖို့ ရည်ရွယ်ထားပါတယ်။ ဒီစီမံချက်ကို "Kha Yeap Pan Din" လို့ ဒေသအမည်ပေးထားပြီး "ထိုင်းမြေပေါ်သို့အခြေချခြင်း"လို့ အဓိပ္ပာယ်ရပါတယ်။
လေကြောင်းနဲ့လာရင် လူတစ်ဦးကို ဝင်ကြေး ဘတ် ၃၀၀၊ ကုန်ကြောင်း၊ ရေကြောင်းနဲ့လာရင်လည်း အရင်အဆိုပြုထားတဲ့ ဘတ် ၁၅၀ ကနေ ပိုမြင့်ပြီး ဘတ် ၃၀၀ နဲ့ပဲ ကောက်ခံသွားမှာဖြစ်ပါတယ်။ ခရီးသွားအာမခံအပါအဝင် နောက်ဆုံးအသေးစိတ်အချက်အလက်တွေနဲ့ ဝင်ကြေးအတိအကျကတော့ ပြန်လည်သုံးသပ်နေဆဲဖြစ်ပါတယ်။
ဒီစီမံချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်ပြီးရင် ထိုင်းနိုင်ငံကို လာရောက်မယ့် နိုင်ငံခြားခရီးသွားတွေက ၂၀၂၆ ခုနှစ်အစပိုင်းမှာ ဝင်ကြေးစတင်ပေးဆောင်ရဖို့ မျှော်လင့်ရပါတယ်။
Ref: Thailand to collect S$12 entry fee from foreign tourists, policy to be finalised within 4 months

image