အမ်းမရိတ်ကွင်းအား လန်ဒန်တွင် အကြီးဆုံးကွင်းအဖြစ် တိုးချဲ့တည်ဆောက်မှု ပြုလုပ်စဉ် ဝင်ဘာလေကွင်းအား ယာယီအသုံးပြုရန် အာဆင်နယ် ဆွေးနွေးနေ 
 
အောက်တိုဘာ ၈ 
 
အာဆင်နယ်ဟာ အမ်းမရိတ်ကွင်းအား လန်ဒန်တွင် အကြီးမားဆုံးကွင်းအဖြစ် တိုးချဲ့တည်ဆောက်မှုများ ပြုလုပ်ရန် ဆွေးနွေးနေပါတယ်။ 
 
လက်ရှိအချိန်တွင် အာဆင်နယ်ရဲ့ အမ်းမရိတ်ကွင်းအား တိုးချဲ့တည်ဆောက်ရေး ဆွေးနွေးမှုမှာ အစောပိုင်းအဆင့်တွင်သာ ရှိဆဲ ဖြစ်ပြီး တိုးချဲ့တည်ဆောက်ရန် မဆုံးဖြတ်ရသေးပါဘူး။ 
 
ဒါ့အပြင် တဆက်တည်းမှာပဲ အာဆင်နယ်ဟာ အမ်းမရိတ်ကွင်းအား တိုးချဲ့တည်ဆောက်နေစဉ် ဝင်ဘာလေကွင်းကို ယာယီအိမ်ကွင်းအဖြစ် အသုံးပြုရန်လည်း ဆွေးနွေးနေပါတယ်။ 
 
အာဆင်နယ်ဟာ လာမယ့်နှစ်တင် ယခင် ဟိုက်ဘူရီကွင်းကို စွန့်ခွာပြီး အမ်းမရိတ်ကွင်းသစ်ကို အသုံးပြုတဲ့ နှစ်ပေါင်း ၂၀ ပြည့်လာပါမယ်။ 
 
အာဆင်နယ်ဟာ အမ်းမရိတ်ကွင်းမှ ထိုင်ခုံများကို လဲလှယ်ခြင်း၊ ထောင်ပေါင်းများစွာသော ထိုင်ခုံသစ် ဖြည့်တင်းခြင်း ပြုလုပ်ပြီး အင်္ဂလန်ရဲ့အကြီးမားဆုံးကွင်းများထဲမှ တစ်ကွင်းဖြစ်လာရေး တိုးချဲ့တည်ဆောက်လာမှာလည်း ဖြစ်ပါတယ်။ 
 
အာဆင်နယ်ရဲ့ လက်ရှိ အမ်းမရိတ်ကွင်းမှာ ပရိသတ် ၆၀၇၀၄ ဦး ဆန့်ကာ အင်္ဂလန်ရဲ့ ပဥ္စမအကြီးမားဆုံးကွင်းအဖြစ် ရပ်တည်နေပါတယ်။ 
 
ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်က ပရိသတ် ၇၄၈၇၉ ဦး ဆန့်ကာ အကြီးမားဆုံးကွင်းအဖြစ် ရပ်တည်နေပြီး စပါးစ်(၆၂၈၅၀)၊ ဝက်စ်ဟမ်း (၆၂၅၀၀၀)၊ လီဗာပူး (၆၁၂၇၆) ဝင်ဆန့်ပါတယ်။ 
 
Credit - Playmaker Journal 
 
#ဘောလုံးသတင်းစုံ
 
         
 
		  
		 
		 
                