3 w - Translate

၂၀၁၀ ခုနှစ်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ နော်ဝေနိုင်ငံသား အမျိုးသား ၉၀% နဲ့ အမျိုးသမီး ၉၇% တို့ဟာ တစ်နှစ်ကို စာအုပ်အနည်းဆုံး တစ်အုပ်ကို ဖတ်ရှုလေ့ရှိကြောင်း သိရှိရပါတယ် နိုင်ငံရဲ့အမျိုးသမီး ထက်ဝက်နီးပါးဟာ တစ်နှစ်ကို စာအုပ်ဆယ်အုပ်အနည်းဆုံးဖတ်ရှုကြပါတယ်နိုင်ငံတစ်ဝှမ်းလုံးမှာစာအုပ်ဆိုင်ပေါင်း ၆၄၀ ကျော် ရှိပြီး ကုန်စုံဆိုင်များမှာတောင်စာအုပ်တွေကို ရောင်းချလျက်ရှိကြပါတယ် ဒီနေ့ခေတ်အရ E Books တွေနဲ့ အခြား Social media တွေပေါ်ထွန်းလာပေမဲ့လည်း နော်ဝေနိုင်ငံရဲ့ စာပေယဉ်ကျေးမှုဟာ ခိုင်မာစွာ တည်ရှိနေဆဲဖြစ်ပါတယ် ဒါ့အပြင် နော်ဝေနိုင်ငံသားတွေဟာ အခြားအရာတွေထက် စာအုပ်တွေကိုလက်ဆောင်အဖြစ် ပေးလေ့ရှိကြပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image