ယောဂဗဟုသုတဟင်းလေးအိုးအပိုင်း(၄)                                                Prana(ပရာန)ဆိုတာဘာလဲ                                                  ယောဂကျင့်စဥ်တွေကိုလေ့လာရင် prana(ပရာန)ဆိုတဲ့စကားလုံးကိုတွေ့ရမှာဖြစ်ပါတယ် Prana(ပရာန)ဆိုတာ ယောဂကျင့်စဥ်မှာအရေးကြီးတ့ဲ အရာတခုလဲဖြစ်ပါတယ်Prana(ပရာန)ဆိုတာ သက္ကတဘာသာစကားလုံးဖြစ်ပြီး praဆိုတာ အဆက်မပြတ် na ဆိုတာစီးဆင်းမူဖြစ်လို့ ပေါင်းလိုက်ရင် pran(ပရာန)ဆိုတာ အဆက်မပြတ်စီးဆင်းနေတဲ့စွမ်းအင်လို့ အဓိပ္ပာယ်ရပါတယ် ဟိမဝန္တာမှာနေထိုင်ပြီးတရားအားထုတ်တဲ့ ယောဂီတွေက အသက်ဓာတ်စွမ်းအင်ပရာန(prana)ကိုတွေ့ရှိခဲ့ပါတယ် ယောဂကျင့်စဥ်မှာတော့ အသက်ဓာတ်စွမ်းအင်ကို prana(ပရာန)လို့ခေါ်ပေမဲ့ ကမ္ဘာအရပ်ရပ်က လူတွေကလဲအသက်ဓာတ်စွမ်းအင်ပရာန(prana)ကိုတွေ့ရှိခဲ့ကြပြီး သူတို့ဒေသအလိုက်မတူညီတဲ့အမည်အမျိုးမျိုးတပ်ခဲ့ကြပါတယ် တရုတ်ပြည်မှာ အသက်ဓာတ်စွမ်းအင်ကို ပရာန(prana)လို့မသုံးပဲ ချီစွမ်းအင်(ki)လိူ့ခေါ်ကြပါတယ် ဂျပန်ပြည်မှာတော့ အသက်ဓာတ်စွမ်းအင်ကို ရေခီ(Reiki)လို့ခေါ်ကြပါတယ် သိပ္ပံပညာရှင်တွေကတော့  အသက်ဓာတ်စွမ်းအင်ကို bioplasmic(ဇီဝစွမ်းအင်)လို့ခေါ်တယ် မြန်မာပြည်မှာအရင်က ယောဂအကြောင်းရေးခဲ့တဲ့ စာရေးဆရာကြီးကတော့ အသက်ဓာတ်စွမ်းအင်ကို ညှိ့ဓာတ်ဆိုပြီး ရေးသားခဲ့ကြပါသေးတယ် သက်ရှိသက်မဲ့သဘာဝပစ္စည်းတိုင်းမှာ prana(ပရာန)ဓာတ်ရှိပါတယ် ယောဂပညာအရ အသက်ဓာတ်စွမ်းအင်ပရာန(prana)က လူကိုကျန်းမာအသက်ရှည်အောင် လုပ်ဆောင်ပေးပါတယ် ပရာန(prana)ကို ကီအာလီယန်(kirlians)ကင်မရာနဲ့မြင်နိုင်ပါတယ် အသက်ဓာတ်စွမ်းအင်ပရာန(prana)ကို လေကနေ အဓိကရရှိပါတယ် အခြားရရှိနိုင်တဲ့အရာတွေကတော့ မိမိတို့နေထိုင်တဲ့ပတ်ဝန်းကျင် |အစားအသောက် |သန့်ရှင်းတဲ့ရေ|နေရောင်ခြည်|သစ်ပင်|မြေကြီး တွေကနေလဲအသက်ဓာတ်စွမ်းအင်ပရာန(prana)ကို ရရှိစေပါတယ် ဒါအပြင် အကောင်းမြင်တဲ့စိတ်နေစိတ်ထား,မြင့်မြတ်တဲ့စိတ်ခံစားမူတွေ,ယောဂအကျင့်တွေကျင့်ကြံခြင်းတွေက ခန္ဓာကိုယ်ထဲက အသက်ဓာတ်စွမ်းအင်ပရာန(prana)ကို အထူးအားကောင်းစေပါတယ် သန့်ရှင်းတဲ့လေဟာ ကျန်းမာရေးအတွက်အရေးကြီးပါတယ် လေကောင်းလေသန့်တွေက အောက်ဆီဂျင်ရရှိရုံတင်မကဘဲ အသက်ဓာတ်စွမ်းအင်ပရာန(prana)ကိုလဲ များများရရှိစေပါတယ် ကိုယ်ရူတဲ့လေက ကိုယ့်ရဲ့အသက်ဓာတ်စွမ်းအင်ပရာန(prana)အဓိကသက်ရောက်စေပါတယ် ရေတံခွန်နဲ့နီးတဲ့နေရာတွေ,တောင်ပေါ်ဒေသတွေက အသက်ဓာတ်စွမ်းအင်ပရာန(prana)တွေအားကောင်းလို့ အဲ့လိုဒေသကလေကိုရူရှိက်လိုက်ရတဲ့ ခံစားချက်က ကိုယ်နဲ့စိတ်ကိုတက်ကြွလန်းဆန်းစေပါတယ်   ဒါပေမဲ့ လေထုညစ်ညမ်းတဲ့နေရာတွေ recycled airတွေရူရှိက်မိရင် အသက်ဓာတ်စွမ်းအင်ပရာန(prana)ကို လျင်မြန်စွာလျှော့နည်းစေပါတယ် သိပ္ပံပညာရှင်တွေက လေထုထဲမှာ လျှပ်စစ်သံလိုက်ဓာတ်(ions)တွေရှိတာတွေ့ခဲ့ကြပါတယ် လေထဲမှာရှိတဲ့လျှပ်စစ်သံလိုက်ဓာတ်တွေမှာလဲ ၂မျိုးခွဲခြားထားပါတယ် အဲ့၂မျိုးကတော့ positive ions(လျှပ်စစ်အဖိုဓာတ်)negativd ions(လျှပ်စစ်အမဓာတ်)တို့ဖြစ်ပါတယ် ကျွန်တော်တို့ရူနေတဲ့လေထဲမှာလဲ  positive ionsနဲ့negative ionsပါရှိပါတယ် Negative ionsများများပါတဲ့လေကိုရူရိူက်ရင် အသက်ဓာတ်စွမ်းအင်ပရာန(prana)ကိုပိုတိုးစေပြီး ကိုယ်စိတ်ကျန်းမာစေပါတယ်ဒါပေမဲ့ Positive ionsပါတဲ့လေကိုရူတာများရင် ကျန်းမာရေးကိုထိခိုက်စေပါတယ် အသက်ဓာတ်စွမ်းအင်ပရာန(prana)ကိုအားကောင်းစေပြီး ကျန်းမာစေတဲ့ Negative ionsကအလုံပိတ်အခန်းတွေပေါတဲ့မြို့ပြတွေမှာပမာဏနည်းပါးပြီး တောင်တန်းဒေသတွေသစ်ပင်ပေါတဲ့ဒေသတွေမှာအလွန်ပမာဏများပြားစွာရှိပါတယ် Positive ionsများများပါတဲ့လေကို ရူရိူက်တာများတဲ့သူတွေက သက်သောင့်သက်သာမရှိခြင်း,အားနည်းခြင်း,ပျင်းရိခြင်းကိုဖြစ်စေပါတယ် Negative ionsတွေက ရောဂါပိုးတွေကိုသေစေတာကြောင့် ကုထုံးအဖြစ် တစိတ်တပိုင်းအရေးပါပါတယ် Negative ionsက အသက်ဓာတ်စွမ်းအင်ပရာန(prana)တော့မဟုတ်ပါဘူး ဒါပေမဲ့သူ့ကိုရူရိူက်တဲ့အချိန်မှာတော့ အသက်ဓာတ်စွမ်းအင်ပရာန(prana)ကိုတိုးစေပါတယ် Hatha Yogaကျင့်စဥ် ငါးခုထဲမှာပါတဲ့ ပရာနာယာမကျင့်စဥ်တွေက Negative ionsကိုလည်းပိုရစေပါတယ်   
 
Credit to owner
 
         
 
		  
		 
		 
                