တာဝန်သိခရီးသွားဆိုပြီး စိတ်ကူးတည့်ရာခရီးထွက်လာရင်း မြို့ပြမှာ ပုပ္ပားမျောက်မြီးရှည် ပြပွဲလေးကိုလုပ်ဖို့ ကုန်ကျစရိတ်အတွက် ပူးပေါင်းပေးကြဖို့ဖိတ်ခေါ်ပါတယ်
ပုံတွေထုတ်ဖို့၊ပန်းချီကားလေးတွေဘောင်သွင်းဖို့၊ပြပွဲနေရာအတွက် ဘာညာအစရှိသဖြင့်ပေါ့ အနည်းဆုံး သိန်း ၂၀ ကုန်မှာမို့ တယောက်တသိန်းနဲ့ ပူးပေါင်းပြီး ပြပွဲလေးလုပ်မယ်ဆိုရင် အဆင်ပြေပြေ လုပ်နိုင်မယ်စိတ်ကူးနဲ့ ပူးပေါင်းဖို့ဖိတ်ပါတယ်
လောလောဆယ် ၅ ဦးရရှိပြီးဖြစ်လို့ ၁၅ ဦးပဲ ကျန်ပါတော့တယ်
မိတ်ဆွေတို့အနေနဲ့ ပူးပေါင်းပါဝင်အားဖြည့်ချင်ပါတယ်ဆိုရင်ပေါ့
တဦးတယောက်တည်း တသိန်းပြည့်အောင်မပါဝင်နိုင်ရင် စိတ်တူကိုယ်တူ သူငယ်ချင်းမိတ်ဆွေ အစုအဖွဲ့လေးနဲ့လည်း ပူးပေါင်းနိုင်ပါတယ်
နှမ်းတစေ့တည်းနဲ့ ဆီမဖြစ်နိုင်ပေမယ့် နှမ်းစေ့တွေများလာရင် ဆီဖြစ်လာမှာပေါ့

image