အိမ်မှာ အလွယ်တကူနဲ့ လုပ်စားလို့ရတဲ့ #ရှောက်ယိုထိုးနည်းလေးပါ
"ပါဝင်ပစ္စည်းများ"...
* ရှောက်သီး.. - ၂ လုံး
* ဆား - အနည်းငယ်
* ထန်းလျက် - ၂၅ ကျပ်သားခန့်
* နွယ်ချိုမှုန့် - ၁ ဇွန်း (မထည့်လည်းရ)
* ရေ - အနည်းငယ်
ပြုလုပ်နည်း.........
ရှောက်သီးကို ဆားနဲ့ပွတ်ပြီး ၂ နာရီခန့် ထားထားပါ။
ပြီးရင် ရေဆေး ၄ ခြမ်းပိုင်းပြီး အစေ့ထုတ် ပါးပါးလှီးထားပါ။
ဆားအနည်းငယ်ထည့်ပြီး ၅ မိနစ်ခန့်ပြုတ်ထားပါ။
ပြီရင် ဆယ်ထုတ်ပါ။
အိုးထဲ ထန်းလျက်အရင်ကျိုပါ။
ဆူလာရင် ရေစစ်နဲ့စစ်ပြီး ပြန်ကျိုပါ။
ပြီးရင် ရှောက်သီးထည့်ကျို ဆားအနည်းငယ် ထည့်ပါ။
ညောင်စေးတဲ့အထိ ကျိုပေးပါ။
အရသာက နည်းနည်းခါးပါတယ်။
အအေးခံပြီရင် လေလုံဗူးထဲထည့်ပြီး
ရခေဲသတျတောထဲ သိမျးထားပါ။
၅ ရက်လောက်နေရင် စားကြည့် မခါးတော့ပါဘူးနော်။
ထိုးနည်းက အများကြီးပါ ကြိုက်သလိုထိုးနိုင်ပါတယ်နော်...။
#credit - ဆွေဇင်
#ဟင်းချက်နည်း

image