ဒီနှစ်သီတင်းကျွတ်မှာ ချစ်သူကောင်လေးနဲ့ မင်္ဂလာလက်မှတ်ရေးထိုးလိုက်ပြီဖြစ်တဲ့ အဆိုတော် ပိုပိုဟေသာ

အောက်တိုဘာ ၈

“ချစ်တဲ့စိတ်ဆိုတာ”ဆိုတဲ့ တေးသီချင်းနဲ့ ပရိသတ်ချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ တေးသံရှင် ပိုပိုဟေသာက ၂၀၂၅ ခုနှစ် သီတင်းကျွတ်မှာ ချစ်သူနဲ့ မင်္ဂလာလက်မှတ်ရေးထိုးပြီလို့ ပရိသတ်ကို အသိပေးခဲ့ပါတယ်။

“ ဒီနေ့ ”လို့ အဆိုတော် ပိုပိုဟေသာက ရင်ဖွင့်ပြီး ပုံလေးနဲ့တကွချပြလာတာပါ။

သူမကတော့ ချစ်သူကောင်လေးနဲ့အတူ ယနေ့ အောက်တိုဘာလ ၇ ရက်နေ့မှာ မင်္ဂလာလက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်တယ်လို့ ပရိသတ်တွေကို အသိပေးခဲ့တာပါ။ အဆိုတော် ပိုပိုဟေသာကတော့ တေးရေး ဇဝါရဲ့ သမီးလေးလည်းဖြစ်ပါတယ်။

#သတင်းဟင်းလေးအိုးကြီး

imageimage
+5