သူများနဲ့ကိုယ်နဲ့ မတူစေနဲ့... 
သူများအိပ်တဲ့အခါ.. 
ကိုယ်က လေ့လာပါ ~~~ 
သူများ တွေဝေနေတဲ့အခါ... 
ကိုယ်က ဆုံးဖြတ်ပါ... 
သူများ လေထဲ တိုက်ဆောက်နေတဲ့အခါ 
ကိုယ်က ပြင်ဆင်ပါ ~~~ 
သူများ အချိန်ဆွဲနေတဲ့အခါ 
ကိုယ်က စတင်ပါ ~~~ 
သူများ ဆုတောင်းနေတဲ့အခါ 
ကိုယ်က လက်တွေ့လုပ်ပါ ~~~ 
သူများ ဖြုန်းနေတဲ့အခါ 
ကိုယ်က စုပါ ~~~ 
သူများပြောနေတဲ့အခါ 
ကိုယ်က နားထောင်ပါ ~~~ 
သူများမျက်နှာကြောတင်းနေတဲ့အခါ 
ကိုယ်က ပြုံးပါ ~~~ 
သူများရပ်လိုက်တဲ့အခါ 
ကိုယ်က ဇွဲရှိပါ ~~~ 
မဖြုန်းသင့်သည့်အရာ ( ၃ ) ပါး 
ငွေကို ဖြန်းလျှင်  
ဥစ္စာကို ဆုံးရှုံးရတတ်သည် ...." 
စကားကို ဖြုန်းလျှင် 
သိက္ခာကို ဆုံးရှုံးရတတ်သည် ...  
အချိန်ကို ဖြန်းလျှင် 
ဘဝကို ဆုံးရှုံးရတတ်သည် ...
 
         
 
		  
		 
		 
		 
		 
		 
                