စပါးစ်ကို စံချိန်တင်ကြေး ပေါင် ၄.၅ ဘီလီယံဖြင့် ဝယ်ယူရေး နောက်ဆုတ်လိုက်ပြီ ဖြစ်တဲ့ အာရစ်ခ်

အောက်တိုဘာ ၇

အမေရိကန်နည်းပညာလုပ်ငန်းရှင် ဘရွတ်ကလင်းအာရစ်ခ်က စပါးစ်ကို ဝယ်ယူရေး ကမ်းလှမ်းရန် စီစဉ်ထားမှုအား နောက်ဆုတ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာလာပါတယ်။

အာရစ်ခ်ဦးဆောင်တဲ့ အမေရိကန်ရင်းနှီးမြှပ်နှံသူများဟာ ပြီးခဲ့တဲ့လတုန်းက စပါးစ်ကို ကမ္ဘာ့စံချိန်တင်အသင်းဝယ်ယူတဲ့ ကြေး ပေါင် ၄.၅ ဘီလီယံအထိ ပေးကာ ကမ်းလှမ်းရန် စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် စပါးစ်အသင်းပိုင်ရှင် Enic Sports & Developments Holdings Ltd က စပါးစ်ကို လုံးဝ ရောင်းချရန် အစီအစဉ်မရှိကြောင်း ချက်ချင်းဆိုသလို ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ယင်းကဲ့သို့ ပိုင်ရှင်ဘက်က မည်သည့်ကြေးနှင့်မျှ ရောင်းချရန် အစီအစဉ်မရှိမှုနှင့်အတူ အာရစ်ခ်ဘက်က စပါးစ်ကို ဝယ်ယူရေး ကြိုးပမ်းမှုအား နောက်ဆုတ်လိုက်ရပြီလည်း ဖြစ်ပါတယ်။

ဥက္ကဌဟောင်းဒါနီရယ်လီဗိုင်းနှင့်မိသားစုဝင်များက ရှယ်ယာ ၃၀ ရာခိုင်နှုန်းပိုင်ဆိုင်တဲ့ Enic Sports & Developments Holdings Ltd က စပါးစ်ရဲ့ ရှယ်ယာ ၈၇ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ဒီဂျေသမားဟောင်းတစ်ဦးဖြစ်တဲ့ အာရစ်ခ်ဟာ Nasa ရဲ့ အာကသသုသေသနလုပ်ငန်းတွင်လည်း အလုပ်လုပ်ခဲ့ဖူးသလို နည်းပညာ၊ မီဒီယာ၊ အားကစားနှင့် ဖျော်ဖြေရေးလုပ်ငန်းများတွင်လည်း ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ထားသူလည်း ဖြစ်ပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image