ယာဥ်မောင်း အိပ်ငိုက်ပြီး ရှေ့ကကုန်ကားကို ဝင်တိုက်မိရာက နောက်မှလိုက်ပါလာသည့် မြန်မာလုပ်သားသေဆုံးမှု ဘန်ကောက်မှာ ဒီမနက်ဖြစ်ပွား 
 
အောက်တိုဘာ ၇ 
 
အသက် ၄၀ အရွယ် မြန်မာအမျိုးသားတစ်ဦးသည် ယနေ့ အောက်တိုဘာ ၇ ရက် နံနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘိုရွမ်မရတ်ချာချိုနန်နီ (Borommaratchachonnani) လမ်းပေါ်၌ ဆယ်ဘီးကားတစ်စီးကို ဝင်တိုက်မိသည့် ပစ်ကပ်ထရပ်ကားနောက်ဘက်မှ လွင့်စင်ကျကာ သေဆုံးသွားခဲ့သည်။ 
 
ယာဉ်တိုက်မှုသည် အဆိုပါလမ်းမကြီး၏ လမ်းခွဲ ၁၂၁ အနီး၊ သာ၀ီ ၀ဿနခရိုင်တွင် နံနက် ၅ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ပစ်ကပ်ကားမောင်းသူ အိပ်ငိုက်၍ ရှေ့မှထရပ်ကားကို ဝင်တိုက်မိခြင်းဖြစ်သည်။ 
 
သေဆုံးသူ မြန်မာနိုင်ငံသားသည် လမ်းပေါ်သို့ လွင့်ကျသွားခဲ့ပြီး နောက်မှလိုက်လာသည့် ယာဉ်တစ်စီးဖြင့် ထပ်မံတိုက်မိခဲ့ခြင်းဖြစ်သည်။ ပစ်ကပ်ကား၏ ယာဉ်မောင်းနှင့် ရှေ့ခန်းမှ ခရီးသည်တို့မှာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတင်ထားရသည်။ 
 
သေဆုံးသူမြန်မာလုပ်သား၏ ရုပ်အလောင်းကို Siriraj ဆေးရုံ၏ မှုခင်းဆေးပညာဌာနသို့ ပို့ဆောင်ကာ စစ်ဆေးနေကြောင်းလည်း ကနဦး သိရသည်။ 
 
Credit - Myanmar Transparency News Agency 
 
#သတင်းဟင်းလေးအိုးကြီး




 
 
		  
		 
		 
		 
		 
		 
                