မီးပုံးပျံကျရာမှ နေအိမ်နှစ်လုံးမီးလောင်မှု ကျောက်တန်းတွင် ယနေ့ည ဖြစ်ပွား 
 
အောက်တိုဘာ ၇ 
 
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ စံချိန်မီရပ်ကွက် အ.မ.က. (၁၀)ကျောင်းလမ်းတွင် အောက်တိုဘာလ ၆ ရက် ည ၈ နာရီ ၂၇ မိနစ်ခန့်က မီးပုံးပျံကျရာမှ နေအိမ်နှစ်လုံး မီးလောင်ခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ  သိရသည်။ 
 
မီးပုံပျံမှာ နေအိမ်၂လုံးကြားရှိ အရိပ်စင်ပြုလုပ်ထားသော တာလပတ်ပေါ်ကျရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် အလျား ပေ ၂၀၊ အနံ ပေ ၄၀ရှိ သွပ်မိုး၊ ပျဥ်ကာ၊ပျဥ်ခင်း တစ်ထပ်နေအိမ်နှစ်လုံး၏ အမိုးထုပ်တန်းနှင့် ဘေးအကာများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ 
 
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၁ စီးနှင့် သန္ဓေအရန်တပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၃၈ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။ 
 
Credit - Myanmar Transprency News Agency 
 
#centralnewsnaypyitaw

 
          
        
         
 
		  
		 
		 
		 
		 
		 
                