ဘိုင်ယန်မြူးနစ်နှင့် စာချုပ်သစ်ချုပ်ဆိုရန် တံခါးဖွင့်ပေးလာတဲ့ ဟယ်ရီကိန်း

အောက်တိုဘာ ၇

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းက ပရီးမီးယားလိဂ်သို့ ပြန်လာရေး စိတ်ဝင်စားမှု အေးခဲနေပြီး ဘိုင်ယန်မြူးနစ်နှင့် စာချုပ်သစ်ချုပ်ဆိုရန် တံခါးဖွင့်ထားကြောင်း ပြောကြားလာပါတယ်။

ဟယ်ရီကိန်းဟာ ၂၀၂၃ ခုနှစ် နွေရာသီတွင် စပါးစ်မှ ပေါင် ၈၆.၄ သန်းဖြင့် ပြောင်းလာပြီးနောက် တစ်နှစ်ကျော်စာချုပ်သက်တမ်းသာ ကျန်တော့သူ ဖြစ်ပါတယ်။

အသက် ၃၂ နှစ်ရှိ စပါးစ်တိုက်စစ်မှူးဟောင်းဟာ ဘိုင်ယန်မြူးနစ်အတွက် ၁၀၆ ပွဲကစားထားရာမှာ ၁၀၃ ဂိုးအထိ သွင်းထားနိုင်ပြီး ၂၀၂၄-၂၅ ဘွန်ဒက်စ်လီဂါဖလား ဆွတ်ခူးနိုင်အောင် အဓိကနေရာမှ ကူညီထားပါတယ်။

အင်္ဂလန်နည်းပြသောမတ်စ်တူချယ်က အင်္ဂလန်အသင်းခေါင်းဆောင်ကိန်းအား အင်္ဂလန်သို့ ပြန်လာစေလိုကြောင်း ပြောကြားထားပါတယ်။

ဟယ်ရီကိန်းဟာ အလန်ရှီးယားရဲ့ ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းယူထားသူ စံချိန် ၂၆၀ ဂိုးအား လိုက်မီရန် ၄၈ ဂိုးတည်းသာ လိုတော့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အင်္ဂလန်အသင်းခေါင်းဆောင်ကတော့ "ဒီမှာပဲ ပိုပြီးတော့ ရှည်ကြာနေချင်တယ်။ ဘိုင်ယန်နဲ့ စကားမပြောရသေးတာ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်တုန်းက ပြောဆိုခဲ့ပြီးပါပြီ။ ဒါပေမယ့် သူတို့ဘက်က ပြောဆိုလာမယ်ဆိုရင်တော့ ကျွန်တော့်ဘက်ကလည်း ဆွေးနွေးဖို့ အဆင်သင့်ပါပဲ။ တကယ်တော့ ဒါက လာမယ့် နှစ်မှာ ဘာလုပ်မယ်ဆိုတဲ့အရာအပေါ် မူတည်နေတာပါ။ ဘာတွေ အောင်မြင်နိုင်သလဲဆိုတဲ့အချက်အပေါ် မူတည်တယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့ဟာ အရမ်းကောင်းတဲ့ အခိုက်အတန့် ရနေတယ်။ အခြားအရာတွေနဲ့ပတ်သက်ပြီး မတွေးဘူး။ အခု စာချုပ်ကလည်း နှစ်အနည်းငယ်ကျန်သေးတယ်။ မပြန်ဘူးလို့တော့ ရတိပြတ်မပြောလိုပါဘူး။ ကစားသမားဘဝအတွင်း ကွဲပြားတဲ့ အခွင့်အရေးတွေ၊ ကွဲပြားတဲ့အရာတွေ၊ ကွဲပြားတဲ့နေရာတွေကနေ သင်ယူခဲ့တယ်။ အခု ဘိုင်ယန်မြူးနစ်အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်နေပါတယ်"လို့ ပြောကြားသွားပါတယ်။

ဟယ်ရီကိန်းဟာ စပါးစ်နှင့် အင်္ဂလန်တို့အတွက် ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်နေသူ ဖြစ်ပြီး မကြာသေးမီတုန်းက ဥရောပထိပ်သီးလိဂ်ကြီး ၅ ခုတွင် ကလပ်တစ်ခုအတွက် ဂိုး ၁၀၀ အမြန်ဆုံးပြည့်သူအဖြစ် ၁၀၄ ပွဲဖြင့် သမိုင်းမှတ်တိုင်သစ်စိုက်ထူခဲ့သူလည်း ဖြစ်ပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image