မန်စီးတီး နိုင်ပွဲဆက်၊ အာဆင်နယ် ဇယားထိပ်ရောက်လာ  
 
မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဥ်မှာ မန်စီးတီးဟာ ဘရန့်ဖို့ဒ်ကို ၁-၀ နဲ့ နိုင်ပြီး အမှတ်ပေးဇယား အဆင့် ၅ နေရာကို ရောက်လာပါတယ်။  
 
မန်စီးတီးဘက်က အာလင်း ဟာလန်းက ပွဲစပြီး ၉ မိနစ်မှာ သွင်းယူတဲ့ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ ဟာလန်းဟာ ၇ ပွဲမှာ ၉ ဂိုးသွင်းထားနိုင်ပြီး အခုချိန်ထိ ဂိုးအများဆုံးသွင်းထားသူလည်း ဖြစ်ပါတယ်။  
 
ဒီရာသီမှာ ရှုံးပွဲမရှိသေးတဲ့ ခရစ္စတယ်ပဲလေ့စ်ကတော့ မနေ့က အယ်ဗာတန်ကွင်းမှာ ၂-၁ နဲ့ရှုံးပြီး ပထမဆုံးရှုံးပွဲနဲ့ ကြုံရကာ အဆင့် ၆ နေရာကို ရောက်သွားပါတယ်။  
 
စနေနေ့က ပွဲစဥ်တွေထဲမှာတော့ အာဆင်နယ်နိုင်ပွဲရပြီး လီဗာပူးလ်ကတော့ ချဲလ်ဆီးကွင်းမှာ  ၂-၁ နဲ့ ရှုံးလို့ နှစ်ပွဲဆက်ရှုံးပွဲကြုံခဲ့ရပြီး အာဆင်နယ်ဟာ လီဗာပူးလ်ကို ၁ မှတ်အသာနဲ့ ဇယားထိပ်ကို ရောက်လာပါတယ်။ မန်ယူကတော့ စနေနေ့က ဆန်းဒါးလန်းကို နိုင်ပြီး နိုင်ပွဲပြန်ရခဲ့ပါတယ်။  
 
ဒီအပတ်ကစားခဲ့တဲ့ ပွဲစဥ်အားလုံးရလဒ်တွေကတော့  
 
လိဒ်စ် ၁-၂ တော့တင်ဟမ် ဟော့စပါး 
အာဆင်နယ် ၂-၀ ၀ကျဈဟမျး  
မန်ချက်စတာယူနိုက်တက် ၂-၀ဆနျးဒါးလနျး 
ချဲလ်ဆီး ၂-၁ လီဗာပူးလ် 
 
အက်စတန်ဗီလာ ၂-၁ ဘန်လေ 
အယ်ဗာတန် ၂-၁ ခရစ္စတယ်လ် ပဲလေ့စ် 
နယူးကာဆယ် ၂-၀ နော့တင်ဟမ် ဖောရက်စ်  
 
ဝုဗ်စ် ၁-၁ ဘရိုက်တန် 
ဘရန့်ဖို့ဒ် ၀-၁ မန်ချက်စတာ စီးတီး   
ဘွန်းမတ်သ် ၃ - ၁ ဖူလ်ဟမ် 
 
#ဘောလုံးသတင်းစုံ


 +5
                  +5
               
 
		 


 
          
        
         
		 
		 
		 
		 
                