အစ္စရေးဓါးစာခံတွေအားလုံးကို ပြန်လွှတ်ပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဟားမက်လက်နက်ကိုင်အဖွဲ့ပြော 
 
အောက်တိုဘာ ၅ 
 
ဂါဇာကမ်းမြောင်ဒေသမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အစ္စရေးဓါးစာခံတွေအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ လွှဲပြောင်းပေးမှုဆိုင်ရာအသေးစိတ်အချက်အလက်တွေကို ဆွေးနွေးဖို့အတွက် ပြင်ဆင်ထားတယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ 
 
ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသကို လွတ်လပ်တဲ့ပါလက်စတိုင်းအဖွဲ့ထံ လွှဲပြောင်းပေးဖို့ အဆင်သင့်ရှိတယ်လို့လည်း ဟားမက်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသငြိမ်းချမ်းရေးအတွက် ဒေါ်နယ်ထရမ့်ရဲ့အဆိုပြုချက်ကို လေ့လာသုံးသပ်ခဲ့ပြီးနောက် အဲဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်တယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ 
 
ဒေါ်နယ်ထရမ့်ရဲ့အဆိုပြချက်ထဲမှာ အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကြား ချက်ချင်းအပစ်အခတ်ရပ်စဲဖို့၊ အကျဉ်းသားအပြန်အလှန်လဲလှယ်ဖို့၊ ဂါဇာကနေ အစ္စရေးတပ်ဖွဲ့တွေရုတ်သိမ်းဖို့တို့ ပါဝင်တယ်လို့လည်း သိရပါတယ်။ 
 
ဟားမက်လက်နက်ကိုင်အဖွဲ့က “ဒီလိုအခြေအနေမျိုးမှာ ဓါးစာခံတွေ ပြန်လွှတ်ပေးဖို့နဲ့ အကျဉ်းသားလဲလှယ်မှုဆိုင်ရာအသေးစိတ်အချက်အလက်တွေကို ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့အတွက် ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်နေပါပြီ” လို့ ပြောခဲ့ပါတယ်။ 
 
ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသအုပ်ချုပ်ရေးကို လွတ်လပ်တဲ့ ပါလက်စတိုင်းအဖွဲ့ကို လွှဲပြောင်းပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ဟားမက်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ 
 
Credit - NP News Agency 
 
#သတင်းဟင်းလေးအိုးကြီး
 
         
 
		  
		 
		 
                