လီဗာပူးနိုင်ပွဲမှ အကြီးအကျယ်အောင်ပွဲခံမှုကြောင့် တစ်ပွဲပယ်ခံလာရတဲ့ ချဲလ်ဆီးနည်းပြမာရက်စ်ကာ 
 
အောက်တိုဘာ ၅ 
 
ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာဟာ မနေ့ညတုန်းက စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် အက်စ်တီဗာအိုရဲ့ နောက်ကျအနိုင်ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်မှ အကြီးအကျယ်အောင်ပွဲခံမှုအတွက် တစ်ပွဲပယ်ပြစ်ဒဏ် ကျခံလာရတော့မှာ ဖြစ်ပါတယ်။ 
 
အီတလီလူမျိုးနည်းပြဟာ အချိန်ပို ၉၅ မိနစ်တွင် အက်စ်တီဗာအိုက နောက်ကျ အနိုင်ဂိုးသွင်းယူပြီးနောက် ကွင်းဘေးစည်းတစ်လျှောက် ပြေးလွှားကာ ကစားသမားများနှင့်အတူ အကြီးအကျယ်အောင်ပွဲခံမှု ပြုလုပ်ခဲ့ပါတယ်။ 
 
လက်စတာနည်းပြဟောင်းဟာ ယင်းသို့ အောင်ပွဲခံမှုကြောင့် ယင်းပွဲရဲ့ ဒုတိယမြောက်အဝါကတ်ပြသခြင်းခံလာရကကာ နှစ်ဝါတစ်နီဖြင့် အထုတ်ခံလာရပါတယ်။ 
 
မာရက်စ်ကာဟာ နှစ်ဝါတစ်နီဖြင့် အထုတ်ခံရမှုကြောင့် တစ်ပွဲပယ်ပြစ်ဒဏ်အား ကျခံလာရပါမယ်။ 
 
သူဟာ နိုင်ငံတကာပွဲစဉ်များအပြီး အောက်တိုဘာလ ၁၈ ရက်နေ့တွင် နော်တင်ဟမ်ဖောရက်စ်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရမယ့်ပွဲစဉ်ကို ကြီးကြပ်ခွင့် ရရှိလာမှာ မဟုတ်ပါဘူး။ 
 
Credit - Playmaker News Journal 
 
#ဘောလုံးသတင်းစုံ

 
          
        
         
 
		  
		 
		 
		 
		 
                