KNPP/KNDF အဖွဲ့နှင့် PDF ဖျက်ဆီးတိုက်ခိုက် သတ်ဖြတ်မှုကြောင့် နှစ်နစ်ခန့်ပိတ်ထားရသော လွိုင်ကော်တက္ကသိုလ်တွင် အဝေးသင် သင်တန်း ပြန်လည်ဖွင့်လှစ်မည် 
 
အောက်တိုဘာ ၅ 
 
KNPP/KNDF အဖွဲ့နှင့် PDF ဖျက်ဆီးတိုက်ခိုက် သတ်ဖြတ်မှုကြောင့် နှစ်နစ်ခန့်ပိတ်ထားရသော လွိုင်ကော်တက္ကသိုလ်တွင် အဝေးသင် သင်တန်း တက်ရောက်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနက ယနေ့ကြေညာသည်။ 
 
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ တောင်ကြီးတက္ကသိုလ်၏ ၂၀၂၅ ပညာသင်နှစ် အဝေးသင် သင်တန်းတွင် ကျောင်းအပ်နှံထားသော လွိုင်ကော်တက္ကသိုလ် (အဝေးသင်သင်တန်း) မှ ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၅ ပညာသင်နှစ်၊ ဒုတိယအသုတ်နှင့် တတိယအသုတ် အနီးကပ်သင်တန်းနှင့် စာမေးပွဲများကို လွိုင်ကော်တက္ကသိုလ်တွင် တက်ရောက်ဖြေဆိုကြရမည် ဖြစ်သည်။ 
 
KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကယားပြည်နယ်အတွင်း အစိုးရ၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ လူနေအဆောက်အဦများ၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦများကို အကာအကွယ်ရယူ၍ အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသည့်အပြင် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်မဟုတ်သည့် ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကာ ပညာရေးဆိုင်ရာ အဆောက်အဦများ ဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။ 
 
ထို့ပြင် လွိုင်ကော်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသည့် ပါမောက္ခချုပ်အပါအဝင် ဆရာ/ဆရာမများနှင့် ပညာရေးဝန်ထမ်း ၁၃၂ ဦးနှင့်အတူ မှီခိုသူမိသားစုဝင် ၆၄ ဦး၊ စုစုပေါင်း ၁၉၆ ဦးနှင့် ကျောင်းသားများကို အသုတ်လိုက် အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင် ခေါ်ဆောင်သွားခြင်းခံခဲ့ရသလို ဆရာ၊ ဆရာမအချို့ကိုလည်း သတ်ဖြတ်လိုက်ကြသဖြင့် ထိုအချိန်မှစကာ လွိုင်ကော်တက္ကသိုလ် မဖွင့်လှစ်နိုင်တော့ဘဲ ၂၀၂၄ ခုနှစ်အတွင်း အကြမ်းဖက်သမားများကို ရှင်းလင်းပြီးနောက်တွင်လည်း ယင်းတို့ဖျက်ဆီးခဲ့သော လွိုင်ကော်တက္ကသိုလ်၏ ၃ ထပ် ပင်မဆောင် ၊ ၂ ထပ် ဘွဲ့နှင်းသဘင်ခန်းမ၊ ၂ ထပ် စာသင်ဆောင်များ၊ ရေသန့်စနစ်နှင့် လျှပ်စစ်ကဏ္ဍဆိုင်ရာ ဆက်စပ်ပစ္စည်းများ၊ ၂ ထပ် ဆရာ၊ ဆရာမများဆောင်၊ အရာရှိ အိမ်ရာ၊ ၄ ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာများ၊ ၄ ခန်းတွဲ ၄ ထပ်၊ ၈ ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာများ၊ ပါမောက္ခချုပ်နေအိမ်၊ ဒုတိယပါမောက္ခချုပ်နေအိမ်များ၊ ၂ ထပ် ကျောင်းသား ကျောင်းသူ ဆောင်များ၊ အားကစားရုံနှင့်အားကစားခန်းမ၊ ၂ ထပ် စာကြည့်တိုက်များ၊ ၂ ထပ် ကျောင်းသားကျောင်းသူ နားနေဆောင်ပျက်စီးခဲ့မှုများကို ပြန်လည်ပြုပြင်နေရသဖြင့် ယခုမှသာ အဝေးသင် သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းဖြစ်သည်။ 
 
KNPP/KNDF နှင့် PDF များက လွိုင်ကော်တက္ကသိုလ်ကို စီးနင်းချိန်က ပညာရေးဝန်ထမ်းများကို စစ်ပွဲကြားမှ ကယ်ထုတ်သည်ဟု လိမ်လည်ခဲ့သော်လည်း နောက်ပိုုင်းတွင် ပါမောက္ခချုပ်အပါအဝင်အများအပြားကို ဖမ်းဆီးထောင်ချကာ ငွေဒဏ်ရိုက်မှု၊ ဖမ်းဆီးသွားသော ဆရာ၊ ဆရာမများ ဝန်ထမ်းမိသားစုများထံမှ ရွှေ၊ ငွေ၊ ဖုန်းပါရှိသမျှ လုယက်ထားခဲ့လိုက်ကြသည်။ 
 
Credit - Myanmar Transparency News Agency 
 
#centralnewsnaypyitaw




 
 
		  
		 
		 
		 
                