ရွှေတိဂုံစေတီတော် အင်္ဂါထောင့်၊ ရင်ပြင်ပေါ်တွင် အပေါ်စွန့်သော အမျိုးသား ကို ဖမ်းမိ  
 
အောက်တိုဘာ ၅ 
 
ရွှေတိဂုံစေတီတော် အင်္ဂါထောင့်၊ ရင်ပြင်ပေါ်တွင် အပေါ်စွန့်သော အမျိုးသား ကို ဖမ်းမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ထံက သိရသည်။ 
 
အမျိုးသား တစ်ဦး က ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်ရှိ အင်္ဂါထောင့်မြေစိုက် စေတီအမှတ်-၄၈ နှင့် အုတ်ဂူစေတီအမှတ်-၁၁၈ ကြားတွင် အပေါ့စွန့်နေသည်ကို အခြား သူ တစ်ဦး က ဗွီဒီယို ရိုက်ကူးခဲ့သော ရုပ်သံဖိုင်မှာ အောက်တိုဘာလ ၁ ရက်တွင် အင်တာနက် လူမှုကွန်ယက်၌ ပြန့်နှံ့လာသောကြောင့် ဒဂုံမြို့မ ရဲစခန်းက စစ်ဆေးခဲ့ကြောင်း သိရသည်။ 
 
စစ်ဆေးချက်အရ ထိုသို့ အပေါ့စွန့်ခဲ့သူမှာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ အသက် (၂၉) နှစ်အရွယ် တင်မျိုးဝင်း(ခ) ဝက်နီ ဆိုသူ ဖြစ်ကြောင်း အောက်တိုဘာလ ၂ ရက်တွင် စုံစမ်း ဖော်ထုတ်နိုင်ခဲ့ကာ ၎င်းသည် စက်တင်ဘာ ၂၁ ရက်က ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ပြီး ဘုရားပေါ်မှပြန်ဆင်းစဉ် ထိုသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 
 
ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်တွင် အပေါ့စွန့်ခဲ့သူ တင်မျိုးဝင်း(ခ)ဝက်နီအား ဒဂုံမြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၂၉၅-က ဖြင့် သတင်းချက်ရေးဖွင့်ကာ ဥပဒေနှင့်အညီ ထိရောက်စွာ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
 
Credit - NP News Agency 
 
#သတင်းဟင်းလေးအိုးကြီး
 
         
 
		  
		 
                