ဘန်တန်ကော်ကို စာချုပ်သစ်ချုပ်ဆိုလာတဲ့ စပါးစ်

အောက်တိုဘာ ၄

စပါးစ်ဟာ ကွင်းလယ်အဖျက်ကစားသမားရိုဒရီဂိုဘန်တန်ကော်ကို စာချုပ်သစ်ချုပ်ဆိုလာပါတယ်။

ဥရုဂွေးလက်ရွေးစင်ကစားသမားဟာ ၂၀၂၂ ခုနှစ်တွင် ဂျူဗင်တပ်မှ ပြောင်းရွှေ့လာပြီးနောက် စပါးစ်အတွက် ၁၂၂ ပွဲ ကစားထားသူလည်း ဖြစ်ပါတယ်။

အသက် ၂၇ နှစ်ရှိ ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ယူရိုပါလိဂ်ဖလား ရရှိကာ ၁၇ နှစ်ကြာ ဆုဖလား လက်မဲ့ဖြစ်မှုအား အဆုံးသတ်ရာတွင် အဓိကနေရာမှ ပါဝင်ကစားခဲ့သူလည်း ဖြစ်ပါတယ်။

စပါးစ်ဟာ ဘန်တန်ကော်အား သက်တမ်း ဘယ်လောက်ရှိ စာချုပ်သစ်ချုပ်ဆိုသလဲဆိုတာ ကြေညာသွားခြင်း မရှိဘဲ နှစ်ရှည်စာချုပ်သစ်လို့သာ ကြေညာထားပါတယ်။

#ဘောလုံးသတင်းစုံ

image