❝ထိုင်းနိုင်ငံထဲဝင်လာတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၄၀ ကျော် အဖမ်းခံရပြန်❞ 
 
အောက်တိုဘာ ၄ 
 
ထိုင်းနိုင်ငံထဲကို တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၄၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက မဟာချိုင်မှာ ဖမ်းဆီးလိုက်ပြန်ပြီလို့ ထိုင်းသတင်းတွေက ဖော်ပြလာခဲ့ကြပါတယ်။  
 
ကာချနဘူရီ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်အရ ဆိုင်းရိုးကျေးရွာ အမှတ် ၄ ဘန်ဖု ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၂ ရက်၊ ည ၈ နာရီခွဲအချိန်ခန့်က ပစ်ကပ်ထရပ်ကား ၄ စီးကို  စစ်ဆေးခဲ့ရာကနေ ၎င်းမြန်မာနိုင်ငံသားတွေကို ဖမ်းဆီးရရှိခဲ့တာလို့ဆိုပါတယ်။ 
 
ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသားတွေထဲမှာ အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၆ ဦးနဲ့ မြန်မာနိုင်ငံသား ယာဉ်မောင်း ၄ ဦးတို့ပါဝင်တယ်လို့ သိရပြီး သူတို့ဟာ မဟာချိုင်ကို လာရောက်ဖို့ ပွဲစားခ တစ်ဦး ဘတ် ၁၂,၀၀၀ ကနေ ၂၀,၀၀၀ အထိ ပေးဆောင်ခဲ့ရကြောင်း စစ်ဆေးသိရှိရတယ်လို့ ထိုင်းအာဏာပိုင်အဖွဲ့က အောက်တိုဘာ ၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ 
 
လက်ရှိမှာတော့ ဖမ်းဆီးမိသူတွေကို စိုင်းဆောင်ရဲစခန်း ခေါ်ဆောင်သွားပြီး ဥပဒေအရ ဆက်လက်ကိုင်တွယ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ 
 
#centralnewsnaypyitaw


 +4
                  +4
               
 
		 

 
          
        
         
		 
		 
		 
                