စပိန်ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များကို ဘာစီလိုနာစတားလာမိန်းယာမဲလ် လွဲချော်မည်

အောက်တိုဘာ ၄

ဘာစီလိုနာစတားလာမိန်းယာမဲလ်မှာ ပေါင်ခြံဒဏ်ရာကြောင့် နှစ်ပတ်မှ သုံးပတ်အထိ အနားယူရမှာ ဖြစ်လို့ စပိန်ရဲ့ လာမယ့်အပတ် ဂျော်ဂျီယာ၊ ဘူလ်ဂေးရီးယားတို့နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များကို လွဲချော်လာပါမယ်။

အသက် ၁၈ နှစ်ရှိ လာမိန်းယာမဲလ်ဟာ စက်တင်ဘာလတုန်းက စပိန်အတွက် ကစားပြီး ပြန်လာချိန်တွင် ပေါင်ခြံဒဏ်ရာရရှိလာမှုနှင့်အတူ ဘာစီလိုနာရဲ့ ပွဲ ၄ ပွဲကို လွဲချော်ခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့အပတ် ဆိုစီဒက်အား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် အရန်အဖြစ် ဝင်ရောက် ကစားခဲ့ပါတယ်။

သူဟာ ဗုဒ္ဓဟူးနေ့တုန်းက ပီအက်စ်ဂျီအား ရှုံးနိမ့်တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွင် ပါဝင်ကစားခဲ့ပေမယ့်လည်း ဒဏ်ရာထပ်မံ ရရှိလာခဲ့ပါတယ်။

လာမိန်းယာမဲလ်ဟာ ဒဏ်ရာကြောင့် နှစ်ပတ်မှ သုံးပတ်အထိ အနားယူရမှာ ဖြစ်လို့ ယနေ့ည ဆီဗီလာနှင့်ပွဲစဉ်ကို လွဲချော်လာပါမယ်။

လာမိန်းယာမဲလ်ဟာ ယခုရာသီတွင် ဘာစီလိုနာအတွက် ၅ ပွဲကစားထားရာမှာ ၂ ဂိုးသွင်းပြီး ၄ ကြိမ် ဖန်တီးထားနိုင်သူ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ လာမိန်းယာမဲလ်မှာ ဒဏ်ရာကြောင့် နာကျင်နေစဉ် အကိုက်အခဲပျောက်ဆေး သောက်ခိုင်းကာ ပွဲကစားစေခဲ့တဲ့ စပိန်ရဲ့ ဂရုမစိုက်မှုအား အကြီးအကျယ်ဒေါသထွက်ခဲ့ပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image