4 w - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ရုရှားသို့ မြန်မာအမျိုးသား လုပ်သား ၂၀၀ ကျော် စေလွှတ်ရန် ပြင်ဆင်
ရုရှားနိုင်ငံသို့ ယခုနှစ်ထဲတွင် မြန်မာအမျိုးသားလုပ်သား ၂၀၀ ကျော် စေလွှတ်ရန် ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတချို့ စီစဉ်နေကြောင်း သိရသည်။
အမျိုးသား လုပ်သားများအနေဖြင့် ရုရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေး၊မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းတို့တွင် အဓိကလုပ်ကိုင်ကြရမည်ဖြစ်ပြီးရုရှားသို့ အလုပ်သမားစေလွှတ်ရာတွင် လူဦးရေ အကန့်အသတ်နှင့်အသုတ်လိုက်စီခွဲပြီး ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရုရှားသို့ အလုပ်သမားစေလွှတ်ရန်အတွက် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီလေးခု ကို တရားဝင်ခွင့်ပြုပေးထားပြီးရုရှားနိုင်ငံက မြန်မာမှ အထွေထွေလုပ်သားများအပြင် ပညာရှင်ပိုင်း ဆိုင်ရာ အင်ဂျင်နီယာများကိုလည်းခေါ်ယူမှုရှိနေသော်လည်း လိုအပ်သည့်ပမာဏ ပြည့်မီအောင် မပို့နိုင် သေးကြောင်း သိရသည်။
ယခုနှစ်အတွင်း ရုရှားနိုင်ငံသို့မြန်မာအမျိုးသားလုပ်သား ၅၀ ကျော်ကို ပထမဆုံးစတင်စေလွှတ်ခဲ့ပြီးဖြစ် ကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများမှ သိရသည်။

image