4 ပတ် - ဘာသာပြန်ပါ။

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ သန့်ရှင်းရေးကုသိုလ်ပြုလုပ်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များ
ရွှေတိဂုံစေတီတော်မြတ်ကြီးအား သီတင်းကျွတ်လပြည့်နေ့၌လာရောက်ဖူးမြှော်ကြည်ညိုကြမည့် ဘုရားဖူးများ စိတ်အေးချမ်းသာစွာ၊ သန့်ရှင်းသပ်ရပ်စွာဖြင့် ဘု ရားဖူးမြှော်ကြည်ညိုနိုင်စေရန် မီးသတ်တပ်ဖွဲ့ဝင်များမှ အောက်တိုဘာ ၃ ရက်ညပိုင်းက သန့်ရှင်းရေးကုသိုလ်ပြုလုပ်ခဲ့ကြသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းအ တွင်းရှိ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရွှေတိဂုံ စေတီတော်မြတ်ကြီးနှင့် စေတီတော်မြတ်ကြီးရှိ စေတီရံငယ်များအား ရေသပ္ပါယ်ခြင်း၊ အထက်ပစ္စယံ၊ အလယ်ပစ္စယံနှင့် ရင်ပြင်တော်ပေါ်ရှိ ဘုရားတန်ဆောင်းများ၊ ရင်ပြင်တော်နေပူခံကျောက်ပြားများ၊ ပန်းလည်ခုံ၊ ပန်းတင်ခုံများကို သန့်ရှင်းရေးကုသိုလ်အဖြစ်ပြုလုပ်ပေးခဲ့ကြသည်။

image
image
image