Word မှာ ဒီလိုအသုံးပြုကြည့်ပါ… အလုပ်တွေ ၂ဆ မြန်မြန်ပြီးလာတယ်!
ဒီနေ့တော့ Microsoft Word ကို သာမန်ထက်ပိုပြီး ထိရောက်စွာ အသုံးပြုနည်းလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ စာစီစာရိုက်အလုပ်တွေ၊ Assigement တွေ ပိုမိုမြန်ဆန်သွားအောင် လျှို့ဝှက်ချက်လေးတွေ‌ဖြစ်ပါတယ်။
၁။ အချိန်ကုန်သက်သာစေမယ့် Shortcut Keys များကို သုံးပါ
Ctrl + C, Ctrl + V လိုမျိုး Shortcut တွေက အချိန်ကုန်သက်သာစေတယ်ဆိုတာ အားလုံးသိကြပါတယ်။ ဒါ့အပြင် နောက်ဆုံးလုပ်ခဲ့တဲ့ အလုပ်တစ်ခုကို ပြန်လုပ်ချင်ရင်တော့ F4 ကို နှိပ်လိုက်ရုံနဲ့ အလွယ်တကူ ထပ်လုပ်နိုင်ပါတယ်။ ဥပမာ- စာသားတစ်ခုကို Bold လုပ်ပြီး F4 နှိပ်လိုက်ရင် နောက်တစ်ခါ F4 နှိပ်တိုင်း Bold လုပ်ပေးပါလိမ့်မယ်။
၂။ Styles ဖြင့် စာလုံးအလှများကို တစ်ခါတည်းပြောင်းလဲပါ
စာရွက်စာတမ်းတစ်ခုလုံးရဲ့ Font Size, Bold, Color တွေကို တစ်ခုချင်းစီ လိုက်ပြောင်းနေမယ့်အစား Home Tab ထဲက Styles ကို သုံးပါ။ Heading 1, Heading 2, Title စတာတွေကို သတ်မှတ်ပြီး နောက်ကျမှ Styles ကနေ တစ်ဆင့် စာတမ်းတစ်ခုလုံးကို တစ်ခါတည်း ပြောင်းလိုက်လို့ရပါတယ်။
၃။ Find & Replace ကို အသုံးပြုပါ
စာသားတစ်ခုကို တစ်စာမျက်နှာလုံးမှာ တစ်ပြိုင်တည်း အစားထိုးချင်ရင် Ctrl + H ကို နှိပ်ပါ။ Find what မှာ အစားထိုးချင်တဲ့ စာသားကို ထည့်ပြီး Replace with မှာ အစားထိုးမယ့် စာသားကို ထည့်ပါ။ ပြီးရင် Replace All ကို နှိပ်လိုက်ရုံပါပဲ။
၄။ စာမျက်နှာတွေ အကြာကြီး ဆက်တိုက်မရွေ့နေပါနဲ့
စာတမ်းရှည်ကြီးတွေမှာ သွားချင်တဲ့နေရာကို ချက်ချင်းရောက်ဖို့ View Tab > Navigation Pane ကို သွားပါ။ ဒါမှမဟုတ် Ctrl + F နှိပ်ပြီး Heading တွေကို တစ်ချက်နှိပ်ရုံနဲ့ သွားချင်တဲ့ နေရာကို ချက်ချင်းခုန်သွားနိုင်ပါတယ်။
၅။ ဓာတ်ပုံများကို စာသားနှင့် တစ်ပြေးညီထားပါ
စာရွက်စာတမ်းထဲကို ဓာတ်ပုံထည့်တဲ့အခါ ပုံကနေရာမကျဘဲ ရွေ့နေတာမျိုးကို ကြုံဖူးပါသလား။ ဓာတ်ပုံပေါ်မှာ Right-Click နှိပ်ပြီး Wrap Text > In Line with Text ကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် ဓာတ်ပုံက စာလုံးတစ်လုံးလိုပဲ သူ့နေရာနဲ့သူ မရွေ့ဘဲ ရှိနေပါလိမ့်မယ်။
✨ ဒီနည်းလမ်းလေးတွေကို သုံးကြည့်ပြီးရင် Word အလုပ်လုပ်ရတာ အရင်ကထက် ၂ ဆ မြန်ဆန်လာပါလိမ့်မယ်။

image