4 w - Translate

၉၉၄ ခုနှစ်တုန်းက အသက် ၃၁ နှစ်အရွယ် ဂလိုရီယာရမ်မီရက်ဇ် (Gloria Ramirez) ဟာ သားအိမ်ခေါင်းကင်ဆာ နောက်ဆုံးအဆင့်ကိုခံစားနေရသူဖြစ်ပါတယ် တစ်နေ့မှာတော့ သူမဟာ အလွန်နာမကျန်းဖြစ်နေပြီး Riverside General ဆေးရုံ အရေးပေါ်ခန်းဆီ သတိလစ်မေ့မြောလုနီးပါး အခြေအနေနဲ့ ပို့ဆောင်ခဲ့ပါတယ် သူမဟာ အသက်ရှုမြန်နေပြီး နှလုံးခုန်နှုန်းလည်းမြန်နေပါတယ်
ကုသမှုခံယူနေစဉ် ဆေးရုံဝန်ထမ်းတွေဟာ ထူးဆန်းတဲ့အချက်တွေကို သတိပြုမိခဲ့ပါတယ် သူမရဲ့အရေပြားပေါ်မှာ ဆီတွေအဆီတစ်ထပ်ဖုံးလွှမ်းနေပါတယ် နောက်ပြီး ခန္ဓာကိုယ်မှလည်း အသီးအနံ့ နဲ့ ကြက်သွန်ဖြူအနံ့ရောစပ်ထားတဲ့အနံ့တစ်မျိုး ထွက်ပေါ်နေပါတယ် သွေးနမူနာယူရန် သွေးဖောက်ရာမှာလည်း ဆေးထိုးပြွန်အတွင်း အဖြူရောင် နဲ့ အဝါရောင် အမှုန်/အစိုင်အခဲတွေတွေ့ရှိခဲ့ကြပါတယ်
ဒီလက္ခဏာတွေကိုစတင်တွေ့ရှိပြီးနောက် မကြာမီမှာဘဲ ကုသပေးနေတဲ့ ဆေးရုံဝန်ထမ်းတွေဟာ စတင်မူးမေ့လဲကျကာ နေမကောင်းဖြစ်လာကြပါတယ် စုစုပေါင်း ၂၃ ဦးအထိ မူးဝေခြင်း၊ အော့အန်ခြင်း၊ အသက်ရှူရခက်ခဲခြင်းနဲ့ ကြွက်သားတွေ တောင့်တင်းခြင်းစတဲ့ လက္ခဏာတွေ ခံစားခဲ့ကြရပါတယ်
အဲ့ဒီထဲက ၅ ဦးကို ဆေးရုံတင်ခဲ့ရပြီး တစ်ဦးကိုတော့ အထူးကြပ်မတ်ကုသဆောင်မှာ နှစ်ပတ်ကြာ ကုသပေးခဲ့ရပါတယ် ရမ်မီရက်ဇ် ဟာ ဆေးရုံရောက်ပြီး ၄၅ မိနစ်အကြာမှာဘဲ ကျောက်ကပ်ပျက်စီးမှုကြောင့် ကွယ်လွန်ခဲ့ရပါတယ်
ဒီဖြစ်ရပ်ဟာ အရေးပေါ်ခန်းတစ်ခုလုံးကို ပိတ်ပစ်လိုက်တဲ့အထိ အခြေအနေဆိုးရွားစေခဲ့ပါတယ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲပေမဲ့လည်း တိတိကျကျ ကောက်ချက်ချနိုင်ခြင်း မရှိခဲ့ပါဘူး
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သီအိုရီနှစ်ခုပေါ်ပေါက်ခဲ့ပါတယ် Lawrence Livermore အမျိုးသားဓာတ်ခွဲခန်း (LLNL) က ဓာတုဗေဒပညာရှင်တွေက အများစုလက်ခံနိုင်တဲ့ သီအိုရီတစ်ခုကိုထောက်ပြခဲ့ပါတယ်
ရမ်မီရက်ဇ်ဟာ သူမရဲ့ကင်ဆာဝေဒနာကို သက်သာစေရန်အတွက် Dimethyl Sulfoxide (DMSO) လို့ခေါ်တဲ့ ပိုးသတ်ဆေး/အရည်ဖျော်ပစ္စည်းတစ်မျိုးကို ကိုယ့်ဘာသာကိုယ် လိမ်းကျံခြင်းပြုလုပ်ခဲ့ပါတယ် DMSO ကို တချို့က နာကျင်မှုအတွက် အိမ်တွင်းကုထုံးအဖြစ် သုံးစွဲကြပါတယ် အရေးပေါ်ခန်းမှာ သူမအား အောက်ဆီဂျင်ပေးခြင်း၊ ဆေးထိုးခြင်း နဲ့ နှလုံးရှော့ခ် (defibrillation) ရိုက် ကုသတာတွေကြောင့် DMSO ဟာ Dimethyl Sulfone (DMSO2) သို့ ပြောင်းလဲသွားနိုင်ပါတယ်
အဲ့ဒီနောက် DMSO2 ဟာ လူနာရဲ့သွေးကြောထဲမှာ လျှပ်စစ်ရှော့ခ်ပေးလိုက်တဲ့အခါ Dimethyl Sulfate (DMS) သို့ ထပ်မံပြောင်းလဲသွားနိုင်ပါတယ် DMS ဟာ လေထဲတွင်ပျံ့လွင့်နိုင်တဲ့ အလွန်အမင်း အဆိပ်ပြင်းပြီးအသက်ရှူလမ်းကြောင်းကို ထိခိုက်စေနိုင်တဲ့ဓာတုပစ္စည်းဖြစ်ပါတယ် ဆေးရုံဝန်ထမ်းတွေ ခံစားရတဲ့ လက္ခဏာတွေဟာ DMS အဆိပ်သင့်ခြင်း နဲ့ ကိုက်ညနေတယ်လို့ယူဆခဲ့ကြပါတယ်
နောက်သီအိုရီတစ်ခုကတော့ အစောပိုင်း စုံစမ်းစစ်ဆေးသူအချို့ နဲ့ ကျန်းမာရေးဌာန တာဝန်ရှိသူအချို့က ဒီဖြစ်ရပ်အား လူအုပ်စုလိုက် စိတ်ထင်ယောင်ထင်မှားဖြစ်ခြင်း (Mass Hysteria) ဖြစ်တယ်ဆိုပြီးပြောခဲ့ကြပါတယ် ဒါပေမဲ့ အချို့ဝန်ထမ်းတွေရဲ့ လက္ခဏာဟာ ဒီထင်မြင်ချက် နဲ့ ကွဲလွဲနေတဲ့အတွက် ဒီသီအိုရီကတော့ မဖြစ်နိုင်ပါဘူး
နောက်ဆုံးမှာတော့ ဂလိုရီယာရမ်မီရက်ဇ် ရဲ့ ရုပ်အလောင်းကို သူမရဲ့မိသားစုထံ ပြန်မပေးဘဲ နှစ်လနီးပါးကြာအောင် ထိန်းသိမ်းထားခဲ့ပြီး ခွဲစိတ်စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ် အဲ့ဒီအချိန်ရုပ်အလောင်းဟာ ပျက်စီးယိုယွင်းနေပြီဖြစ်တဲ့အတွက် ဘယ်အရာက အမှန်တကယ်ဖြစ်ခဲ့တယ်ဆိုတာကို ပြတ်ပြတ်သားသား ဖော်ထုတ်နိုင်ခြင်းမရှိခဲ့ပါဘူး ဒါကြောင့်ဒီဖြစ်ရပ်ဟာ ယနေ့တိုင်ဖြေရှင်းမရသေးတဲ့ ဆေးပညာဆိုင်ရာ လျှို့ဝှက်ဆန်းကြယ်မှုအဖြစ်ရှိနေဆဲဖြစ်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image