4 ပတ် - ဘာသာပြန်ပါ။

#ကဖောင်မူကော့ (ဝက်ခေါက်ကင်ပင်စိမ်း )
ဝက်ခေါက်ကင်ကိုကဖောင်ရွက်(ပင်စိမ်းရွက်)နဲ့ ကြော်စားကြည့်ပါ အရမ်းကောင်း 😋😋
1.ကင်ထား သို့ဟုတ် ကြော်ထားသော ဝက်ခေါက်ကို လက်တစ်ဆစ် အရွယ်များ လှီးထားပါ
ပဲတောင့်ရှည်သီး ၃တောင့်လှီးထား (ကြိုက်ရင်ထည့်ကြော်ပါ)
ငရုတ်သီးနီ /စိမ်း (ငရုတ်ဆုံထဲ ဆထာင်းထားပါ)
ပင်စိမ်းရွက်/ဖက်ကဖောင်းရွက်
အနည်းငယ်ကို ရေဆေးထား။
ကြက်သွန်နီ (ထောင်းထားပါ)
2.(ဆော့စ်ပြုလုပ်နည်း )
ခွတ်တစ်ခုထဲ ခရုဆီ ၂ဇွန်း ပဲငံပြာရည်အကျဲ ၁ဇွန်း သကြား ၁ ဇွန်း အချိုမှုန့် အနည်းငယ် (ကြက်သားမှုန့် သုံးလည်းရပါတယ် )
3.ကြော်ချက်နည်း
ကြက်သွန်ဖြူနဲ့ငရုတ်သီး ထောင်းထားတာထည့် ဆီသတ်ပေးပါမယ် ထို့နောက် ရေသို့မဟုတ် ကြက်ပြုတ်ရည် ထည့်ကာ ဖျော်ထားသော ဆော့စ်များ ထည့်မွှေပေးပါမယ်
ဆော့စ်များ အနည်းငယ် ပျစ်လာရင် အရောင်လှစေရန် ပဲငံပြာရည် အပျစ် အနည်းငယ် ထည့်ပေးပါမယ်
4.ဆော့စ်များပျစ်လာရင် ကဖောင်ရွက်(ပင်စိမ်းရွက်) /ဝက်ခေါက်ကင်များထည့်ကာ မီးပြင်းပြင်းနဲ့ စက္ကန့် ၃၀ ခန့် ကြော်ပေးပါ ထို့နောက် ပန်ကန်ထဲ ခပ်ထည့်ကာ ထမင်းပူပူနဲ့သုံးဆောင်နိင်ပါပြီ
အာလုံးပဲ စားကောင်းကြပါစေနော်
Crd "Sailu

image