ဖက်ထုပ်ဆီချက်
---------------
ဆီပူလာရင် နုတ်နုတ်စဉ်းထားတဲ့
ကြက်သွန်ဖြူများထည့်ကြော်ပါ
မီးလျော့ပြီး မပျက်မွှေပေးပါ
အရောင်ပြောင်းလာပြီး ကြွပ်ရင် စကာဖြင့်ဆယ်ထားပါ
ကျန်ခဲ့တဲ့ဆီရော ဆယ်ထားတဲ့ကြက်သွန်ဖြူရော အေးသွားပြီဆိုမှ ဆီချက်နဲ့က်ြသွန်ဖြူ ပြန်ရောထားပါ
ရေနွေးဆူဆူမှာ အစာထည့်ပြီးထုပ်ထားတဲ့ ဖက်ထုပ်များထည့်ပြီ ပြုပ်ပါ အသားကျက်လောက်ပြီဆို ဇကာနဲ့ဆယ်ပြီးရေပြောင်အောင်စစ်ပြီး ဆီချက်ထည့်ပါ ပဲငံပြာရည် အကြည်အနည်းငယ် ဆား အရသာမှုန့် ကြက်သွန်မြိတ်ဖြူးပြီး သုံးဆောင်နိုင်
ကြက်ဥနဲ့ မုန်ညှင်းရွက် ထည့်ချင်
ဖက်ထုပ်နဲ့အတူ ထည့်ပြုတ်နိုင်ပါသည်။
-ငြုပ်သီးဆီချက်နဲ့စားချင်ရင်တော့
ဆီချက်-ချက်တုန်းက ကြက်သွန်ဖြူ ဆယ်ပြီးမီးပိတ်ပြီး
ငြုပ်သီးခွဲခြမ်းဖတ်ထည့်ပြီးမွှေပေးပါ
ပြီးရင် ကြက်သွန်ဖြူပြန်ရောလိုက်ပါ
----------------/---------------
အရသာထည့်တာကတော့ မိမိစိတ်ကြိုက်ထည့်ပါ
အိမ်မှာ ကိုယ်လုပ်စားတဲ့အတိုင်းလေး ရေးပေးထားပါတယ်
အရမ်းစားကောင်းပါတယ်
ဖက်ထုပ်ရွက်ကတော့ ကိုယ်တိုင်မလုပ်နိုင်လဲ ကုန်တိုက်တွေမှာ အလွယ်တကူ ဝယ်လို့ ရပါတယ်

image