4 ပတ် - ဘာသာပြန်ပါ။

နာကာနိုတာကေကို (Nakano Takeko) ဟာ ဂျပန်ရဲ့ နောက်ဆုံး ဆာမူရိုင်းခေတ်ကာလဖြစ်တဲ့ ၁၉ ရာစုနှစ်မှာ ထင်ရှားပေါ်ထွက်ခဲ့တဲ့ အမျိုးသမီး သူရဲကောင်းတစ်ဦးဖြစ်ပါတယ် သူမဟာ ကိုယ်ခံပညာရပ်နဲ့ စာပေမှာ ထူးချွန်ပြီး ဆာမူရိုင်းစစ်သည်တော်တစ်ဦးအဖြစ် လေ့ကျင့်သင်ကြားခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်
၁၈၆၈ ခုနှစ် ဂျပန်နိုင်ငံမှာ ဘိုရှင်းစစ်ပွဲ (Boshin War) ဖြစ်ပွားခဲ့ပြီး ဒါဟာ ရှိုးဂန်းအစိုးရ (Tokugawa Shogunate) ကို ဖျက်သိမ်းပြီး ဧကရာဇ်မင်းမြတ်ကို အာဏာပြန်လည်အပ်နှင်းဖို့ ကြိုးပမ်းတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်တိုက်ခဲ့ရတဲ့ ပြည်တွင်းစစ်ပွဲဖြစ်ပါတယ်
တာကေကို ဟာ ရှိုးဂန်းအစိုးရဘက်တော်သား ဖြစ်တဲ့ အိုင်းဇု (Aizu) နယ်မြေကို ကာကွယ်ခဲ့သူ ဖြစ်ပါတယ် အိုင်းဇုနယ်မြေဟာ တော်လှန်ရေးတပ်တွေရဲ့ ဝိုင်းရံတိုက်ခိုက်မှု ခံနေရချိန်မှာ တာကေကိုဟာ စစ်သည်တော် အဖြစ် တရားဝင်အသိအမှတ်ပြုခြင်း မခံရတဲ့ အမျိုးသမီး စစ်သည်တွေကို စုစည်းပြီး ကိုယ်ပိုင်တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်
ဒီတပ်ဖွဲ့ကို ဂျိုးရှိတိုင် (Jōshitai - အမျိုးသမီးတပ်ဖွဲ့) လို့ ခေါ်ဆိုခဲ့ပါတယ် သူမနဲ့ ဂျိုးရှိတိုင် အဖွဲ့ဝင်တွေဟာ အိုင်းဇုနယ်မြေရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ အိုင်းဇုဝါကာမတ်စု (Aizuwakamatsu) တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ပါတယ် တာကေကိုဟာ သူမရဲ့ အားအထားရဆုံး လက်နက်ဖြစ်တဲ့ နာဂီနာတာ (Naginata) လို့ခေါ်တဲ့ ရှည်လျားတဲ့ လှံဓားတစ်မျိုးကို အသုံးပြုပြီး အမျိုးသား စစ်သည်တွေနဲ့အတူ ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့ပါတယ်
တိုက်ပွဲကာလအတွင်း ရန်သူရဲ့ သေနတ်ကျည်ဆန်ဟာ တာကေကိုရင်ဘတ်ကို ပြင်းထန်စွာ ထိမှန်ခဲ့ပါတယ် ဒါဟာ ေxသစေနိုင်တဲ့ ဒဏ်ရာ ဖြစ်တာကြောင့် သူမဟာ အရှက်ရဖွယ် ဖမ်းဆီးမခံရဖို့ အလွန်ရဲရင့်ပြီး ဂုဏ်သိက္ခာရှိတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ပါတယ်
အဲ့တာကတော့ သူမရဲ့ ညီမဖြစ်သူ ယူကို (Yūko) ကို တိုက်ပွဲမြေပြင်မှာပင် သူမရဲ့ ဦးခေါင်းကို ဖြတ်ပေးရန်တောင်းဆိုခဲ့ပါတယ် ညီမဖြစ်သူက ဝမ်းနည်းစွာနဲ့ သူမရဲ့ တောင်းဆိုချက်ကို လိုက်နာပြီး ဦးခေါင်းကို ဖြတ်ပေးခဲ့ပါတယ် ရှုံးနိမ့်ပြီးနောက် ရန်သူလက်ထဲမှာ အရှင် ဖမ်းမိခံရမယ့်အစား ဆာမူရိုင်းစစ်သည်တစ်ဦးရဲ့ ဂုဏ်သိက္ခာ ကို နောက်ဆုံးထွက်သက်အထိ ထိန်းသိမ်းထားခဲ့ပါတယ်
နှစ်စဉ်နှစ်တိုင်း အိုင်းဇုနယ်မြေမှာရှိတဲ့ ဒေသခံတွေဟာ သူမကို ဂုဏ်ပြုတဲ့ ပွဲတော်တွေ ကျင်းပလေ့ရှိပြီး သူမရဲ့ အထိမ်းအမှတ် ရုပ်တုကိုလည်း တည်ထားကာ ဂါရဝပြုကြလေ့ရှိပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image