ကွမ်တမ်ပညာ နှစ်တစ်ရာ
ကွမ်တမ်ပညာ ဆိုတာ လက်ရှိ ရူပဗေဒနယ်ပယ်ရဲ့ Frontier လို့ခေါ်တဲ့ နယ်ပယ်သစ် ခေတ်ရှေ့ပြေး လေ့လာမှုတွေ ပြုလုပ်နေရဆဲ ပညာရပ် ဘာသာရပ်တစ်ခုပါ။
၁၉၂၅ ခုနှစ်ခန့် မှာ နာမည်ကျော် သိပ္ပံပညာရှင်တွေဖြစ်တဲ့ ဝါနာ ဟိုင်ဆင်ဘာဂ် (Werner Heisenberg)၊ အဲဝင် ရိူးဒင်ဂါ (Erwin Schrödinger)၊ နီးလ်စ် ဘိုးလ် (Niels Bohr)၊ အဲလ်ဘတ် အိုင်းစတိုင်း (Albert Einstein)၊ မက်စ် ပလန့်ခ် (Max Planck) နဲ့ ဝုဖ်ဂန် ပေါလီ (Wolfgang Pauli) အပါအဝင် အဲ့ဒီခေတ်က အတော်ဆုံးနဲ့ အကောင်းဆုံး သီအိုရီရူပဗေဒ နဲ့ သင်္ချာပညာရှင် တွေ အများအပြား သူတို့ရဲ့ ယူဆချက်နဲ့ အတွေးအခေါ်လေ့လာမှုတွေပေါင်းစပ်ပြီး ဖန်တီးရရှိလာတဲ့ သိပ္ပံပညာရပ်ရဲ့ ပြောင်မြောက်လှတဲ့ နယ်ပယ်သစ်တစ်ခုပဲ ဖြစ်ပါတယ်။
ဒီနှစ် ၂၀၂၅ ခုနှစ် မှာတော့ အခုလို လှပခမ်းနားတဲ့ ဖြေရှင်းချက်တစ်ခုဟာ နှစ်ပေါင်း ၁၀၀ တိတိ ပြည့်မြောက်သွားခဲ့ပါပြီ။
စတင်ခဲ့စဉ်က Classical physics ရဲ့ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ရည်ရွယ်ခဲ့တာဖြစ်ပေမယ့် မထင်မှတ်ထားလောက်အောင်ပဲ နောက်ထပ်နယ်ပယ်အသစ်တွေ လောကအသစ်တွေ ဆီကို ကွမ်တမ်ပညာရဲ့တွေးဆချက်တွေက ကျွန်တော်တို့လူသားတွေကို ခေါ်ဆောင်ပေးသွားခဲ့ပါတယ်။
နှစ် ၁၀၀ တိတိပြည့်သွားပေမယ့်လည်း ကွန်တမ်ပညာ ဟာ ကျွန်တော်တို့ လူသားတွေဆီကို မေးခွန်းအသစ်တွေ၊ ဖြေရှင်းချက်အသစ်တွေ ယူဆောင်လာပေးနေပြီး ဒီပညာရပ်ရဲ့ အထောက်အပံ့တွေကြောင့် အခုခေတ်လူသားတွေဟာ ပိုမိုတိုးတက်တဲ့ လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာ နေထိုင်လာနိုင်တာပဲ ဖြစ်ပါတယ်။
အခုကျွန်တော်တို့လူသားတွေ သုံးနေတဲ့ အီလက်ထရွန်နစ် ပစ္စည်းတွေ၊ ဆက်သွယ်ရေး နည်းပညာသုံး ပစ္စည်းတွေ နဲ့ AI (ဉာဏ်ရည်တု) ကွန်ပျူတာပညာရပ် တွေဟာ ဒီ ကွမ်တမ်ပညာ ရဲ့ စွမ်းအားကြောင့်သာ တည်ရှိလာရတာ ဖြစ်ပါတယ်။
အခုနှစ် ၂၀၂၅ ခုနှစ်ကိုတော့ ကွမ်တမ်ရဲ့ နှစ်၁၀၀ ပြည့်မြောက်တဲ့ နှစ်အဖြစ် လက်ရှိ နိုင်ငံတကာ သိပ္ပံပညာနဲ့ ရူပဗေဒ အဖွဲ့အစည်းများ ပညာရှင်များက ဂုဏ်ပြုပွဲများဆွေးနွေးပွဲများ ကျင်းပနေကြပါတယ်။
နှစ်တစ်ရာပြည့်မြောက်သွားတဲ့ ကွမ်တမ်ကို ဂုဏ်ပြုပြီး ကွမ်တမ်ပညာရဲ့ သမိုင်းအကျဉ်းကို ကျွန်တော်တို့ MASES မှ အပိုင်းလိုက်ခွဲပြီးတင်ဆက်ထားခဲ့တာကိုတော့ Comment မှာ ချပေးထားပါမယ်။အများပြည်သူ ပြန်လည်ဖတ်ရူနိုင်အောင်ဖြစ်ပါတယ်။

image