4 w - Translate

Mister Global Myanmar 2025
National Costume
မြန်မာ့​တောင်သူ
မြန်မာတို့ရဲ့အဓိကစား​သောက်ကုန်ဖြစ်တဲ့ထမင်းရရှိရန်အတွက်ဆန်စပါးကိုစိုက်ပျိုး​နေကြတာတောင်သူများဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့အဓိကလုပ်ငန်းဟာလည်းစိုက်ပျိုး​ရေးလုပ်ငန်းဖြစ်တာ​ကြောင့် ​တောင်သူများဟာလည်းနိုင်ငံရဲ့စီးပွား​ရေး​ဒေါက်တိုင်​တွေလည်းဖြစ်ပါတယ်။ မြန်မာ့​ကျေးလက်​နေမိသားစုများရဲ့ စားဝတ်​နေ​ရေး၊ကျန်းမာ​ရေး၊ ပညာ​ရေးတို့အတွက်လိုအပ်တဲ့ဝင်​ငွေကိုလည်း ဆန်စပါးစိုက်ပျိုး​ရေးကိုပဲမှီခို​နေကြရတာပဲဖြစ်ပါတယ်။ ဒါ​ကြောင့်မို့လို့ မြန်မာ့​တောင်သူများရဲ့အခန်းကဏ္ဏဟာ မိသားစုတစ်စုချင်းစီမှသည် နိုင်ငံအထိအ​ရေးပါသည်ကိုကိုယ်စားပြု​သောအားဖြင့် မြန်မာ့​တောင်သူဝတ်စုံဖြင့်ယှဉ်ပြိုင်ကာ ​တောင်သူများရဲ့​ကျေးဇူးအားဂုဏ်ပြုထားခြင်းဖြစ်ပါသည်။

image