ဝက်သားဆေးဘဲဥထမင်းကြော်
ပါဝင်ပစ္စည်းများ
• ဝက်သား - ၈၀ ဂရမ်
(အနေတော်လှီးပါ)
• ဆေးဘဲဥ - ၃ လုံး
( လေးစိတ်စိတ်ထားပါ)
• ထမင်းဖြူ - ၁ ပွဲ
• ကြက်ဥ - ၁ လုံး
(ဖောက်ပြီးမွှေထားပါ)
• ဆီ - စားပွဲဇွန်း ၂ ဇွန်း
• ဆား - အနည်းငယ်
• သကြား - အနည်းငယ်
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• တရုတ်မဆလာ - အနည်းငယ်
• ပဲငံပြာရည်အကြည် - အနည်းငယ်
• ပဲငံပြာရည်အနောက် - အနည်းငယ်
• ခရုဆီ - စားပွဲဇွန်း ၁ ဇွန်း
• ကြက်သွန်မြိတ် - အနည်းငယ်
(ပါးပါးလှီးပါ)
• ကြက်သွန်ဖြူ - ၃ မြွှာ
(ဓားပြားရိုက်ပါ)
• ခရမ်းချဉ်သီး - ၁ လုံး
( ပါးပါးလှီးပါ) (တွဲဖက်စားရန်)
• သခွားသီး - အနည်းငယ်
(ပါးပါးလှီးပါ) (တွဲဖက်စားရန်)
• ဆလတ်ရွက် - အနည်းငယ်
ပြုလုပ်နည်း
ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာရင် ကြက်သွန်ဖြူကို ဆီသတ်ပါ။ ကြက်သွန်ဖြူ အနံ့မွှေး လာပြီဆိုရင် ဝက်သားထည့်ပြီး ဆီသတ်ပေးပါ။ ဝက်သား အနံ့မွှေးလာပြီဆိုရင် ကြက်ဥ ထည့်ပြီးမွှေပါ။ ထမင်း ထည့်ပါ။ အရသာအနေနဲ့ ဆား၊ ငရုတ်ကောင်း၊ တရုတ် မဆလာ၊ ခရုဆီ၊ ပဲငံပြာရည်အနောက်၊ ပဲငံပြာရည်အကြည်၊ သကြားတို့ကို ထည့်ပေးပါ။ ပြီးလျှင် ဆေးဘဲဥ ထည့်ပါ။ ကြက်သွန်မြိတ်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။