4 w - Translate

သဘာဝမြေသြဇာကို အဓိကထားသုံးစွဲခြင်း၊ သဘာဝ အပင်များဖြစ်သည့် စပါးလင်၊ ငရုပ်၊ ပင်စိမ်း၊ တမာ စသည်တို့ကို အသုံးပြု၍ ဖော်စပ်ထားသော သဘာဝ ပိုးသတ်ဆေးများ၊ တမာ ပိုးသတ်ဆေး၊ ဆေးရွက်ကြီးပိုးသတ်ဆေးရည်၊ ကြက်သွန်ဖြူပိုးသတ်ဆေးများကို အသုံးပြုပြီး စုပ်စားပိုးများ၊ ရွက်ထွင်းပိုးများကို ကာကွယ်နှိမ်နင်းရာ တွင်အသုံးပြုလာကြသည်။ ထိုသို့အသုံးပြုခြင်းဖြင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများစွာ ရှိပါသည်။
- ပိုးမျိုးစုံကို ကာကွယ်နိုင်သည်။
- မိတ်ဆွေပိုးများကို မထိခိုက်နိုင်ပါ။
- သီးနှံများ အပေါ် အဆိပ်ဓါတ်ကြွင်းများ မကျန်ပါ။
- ပတ်ဝန်းကျင်ကို မထိခိုက်ပါ။
- သီးနှံပင်ကြီးထွားမှုကို အထောက်အကူုပြုသည်။
- ပိုးဖျက်ဆီးမှု သက်သာ၍ သီးနှံအထွက် ပိုရရှိနိုင်သည်။
- သုံးစွဲရ လွယ်ကူသည်။
- ကုန်ကျစရိတ်သက်သာသည်။
Source-သြဂဲနစ် တောင်သူလက်စွဲစာအုပ်မှ
Transfom Myanmar Distribution

image