4 w - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️စတုတ္ထအကြိမ်မြောက် ခြေတုလက်တု အခမဲ့ တပ်ဆင်ရေးစခန်းဖွင့်လှစ်
အိန္ဒိယနိုင်ငံ Bhagwan Mahaveer Viklang Sahayata Samiti(BMVSS) နှင့် ဦးနုဒေါ်မြရီ ဖောင်ဒေးရှင်း (UNDMYF) တို့ ပူးပေါင်းစီစဉ်သော စတုတ္ထအကြိမ်မြောက် ခြေတုလက်တု တပ်ဆင်ရေးစခန်းကိုမဟတ္တမဂန္ဒီ၏ မွေးနေ့ အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီတွင်ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပိဋကတ်သုံးပုံနိကာယ်စာသင်တိုက်၌ ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားသို့ အိန္ဒိယသံအမတ်ကြီး Abhay Thakur၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာမင်းသိန်း၊ ဦးနုဒေါ်မြရီဖောင်ဒေးရှင်း(UNDMYF) မှ တာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အိန္ဒိယနွယ်ဖွားများ၊ အိန္ဒိယနိုင်ငံ၏မြန်မာမိတ်ဆွေများ တက်ရောက်ခဲ့ကြသည်။စတုတ္ထအကြိမ်မြောက် ခြေတုလက်တု အခမဲ့တပ်ဆင်မည့် အစီအစဉ်တွင် လက်ရှိစာရင်းပေးသွင်းထားသူ ၃၀၀ ကျော်ရှိကြောင်း သိရပြီး ပထမနေ့မှစတင်ကာ တစ်ရက်လျှင် ၁၂ ဦးနှုန်းဖြင့်ဆောင်ရွက်ပေးသွားမည်ဖြစ် သည်။ ခြေတုလက်တုလာရောက်တပ်ဆင်သူများတွင် လူနာအသစ်များသာမကယခင်တပ်ဆင်ဖူးပြီး အရွယ်အစားပြင်ဆင်လိုသူများ၊ ခြေတုလက် တုပျက်စီးသူများလည်းပါဝင်သည်။ဤစခန်းတွင် လာမည့်ရက်သတ္တပတ် ခြောက်ပတ်အတွင်း မြန်မာနိုင်ငံမှ ခြေတုလက်တုတပ်ဆင်ရန်လိုအပ်သူ ၆၀၀ ကျော်အား ခြေတုလက်တုများကို အခမဲ့ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပိဋကတ်သုံးပုံနိကာယ် ကျောင်းတိုက် ပဓာနနာယက တိပိဋကဓရ၊ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသက ဆုတောင်းမေတ္တာပို့သခြင်းဖြင့် အခမ်းအနားကို စတင်ခဲ့ပြီးမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ShriAbhay Thakur, BMVSS ဥက္ကဋ္ဌ (အငြိမ်းစားသံအမတ်ကြီး) Satish C. Mehta နှင့် ဦးနုဒေါ်မြရီဖောင်ဒေးရှင်း (UNDMYF) တည်ထောင်သူဒေါ်သန်းသန်းနုတို့က အမှာစကားများ ပြောကြားခဲ့သည်။ ယင်းနောက် အိန္ဒိယနိုင်ငံ BMVSS ၏ဆောင်ရွက်နေမှုများကို ငါးမိနစ်စာ ဗီဒီယိုကလစ်ပြသခဲ့ သည်။
ဖွင့်ပွဲအခမ်းအနားမတိုင်မီ ခြေတုလက်တုတပ်ဆင်ရန် လိုအပ်သူ ခြောက်ဦးအား လိုအပ်သည်များ တပ်ဆင်ပေးခဲ့ပြီး ၎င်းတို့အား ပရိသတ်များနှင့်မိတ်ဆက်ပေးသည်။ ဆက်လက်၍ တက်ရောက်လာသူများသည် ကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားရှိသည့်ယာယီအလုပ်ရုံသို့ လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ခြေတုလက်တုအခမဲ့တပ်ဆင်ပေးရာတွင် BMVSS မှ ၁၅နှစ်ကျော် အတွေ့အကြုံရှိသည့်ကျွမ်းကျင်ပညာရှင်အဖွဲ့ဝင် ခုနစ်ဦးပါဝင်ပြီး ရန်ကုန်မြို့တွင် BMVSS နှင့် UNDMYF တို့ ပူးပေါင်း၍ခြေတုလက်တု တပ်ဆင်ရေးစခန်းသုံးခုကို ၂၀၁၇ခုနှစ်၊ ၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ ကိုယ်အင်္ဂါမသန်စွမ်းသူ ၁၅၀၀ နီးပါးကို ကူညီပေးနိုင်ခဲ့သည်။
သတင်း - ဇွဲခန့်ထည်

image