❝မြန်မာ- ဆားဘီးယား နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ချစ်ကြည်ရေးအဖွဲ့ ဖွဲ့စည်းသွားရေး ဆွေးနွေး❞
အောက်တိုဘာ ၃
မြန်မာနိုင်ငံနှင့် ဆားဘီးယားနိုင်ငံ လွှတ်တော်နှစ်ရပ်အကြား ချစ်ကြည်ရေးအဖွဲ့ ဖွဲ့စည်းသွားရေးအတွက် မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံက ဆားဘီးယားအမျိုးသားလွှတ်တော်၊ အာဆီယံနိုင်ငံများဆိုင်ရာ လွှတ်တော်ချစ်ကြည်ရေးအဖွဲ့၊ ဥက္ကဋ္ဌ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံ ဦးကျော်ထွန်းသည် ဆားဘီးယားအမျိုးသားလွှတ်တော်၊ အာဆီယံနိုင်ငံများဆိုင်ရာ လွှတ်တော်ချစ်ကြည်ရေးအဖွဲ့၊ ဥက္ကဋ္ဌ Mr. Miroslav Petrasinovic ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၂ ရက်၊ နံနက်ပိုင်းတွင် ဆားဘီးယားအမျိုးသားလွှတ်တော်သို့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ယင်းဆွေးနွေးမှုအတွင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ စီးပွားရေးနှင့် စိုက်ပျိုးရေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရေး၊ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများနှင့် အထွေထွေရွေးကောက်ပွဲကြီးကျင်းပရန် ပြင်ဆင်နေမှုများကိုပါ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
#centralnewsnaypyitaw


