ဆေးလိပ်တွေအခုထိသောက်နေတုန်းဘဲလား သင့်မှာရော အဆုတ်ရောဂါနဲ့ပတ်သတ်ပြီး မူမမှန်တာတစ်ခုခုရှိနေပြီလား 🤔
ဒါဆို သင့်ရဲ့အဆုတ်ကျန်းမာရေးကိုသိရအောင်လို့ ဒီစာကိုဆုံးအောင်သာဖတ်ကြည့်လိုက်တော့နော်🤗
အဆုတ်တွေဟာ သင့်ခန္ဓာကိုယ်အတွက် အရေးကြီးအင်္ဂါရပ်တစ်ခုပါ၊အသက်ရှူတိုင်းမှာ သန့်ရှင်းတဲ့လေကို လက်ခံပေးပြီး ခန္ဓာကိုယ်အတွင်း အောင်မြင်စွာ လည်ပတ်စေတယ်။ဒါကြောင့်မို့ သင့်အဆုတ်ကိုကောင်းစွာဂရုစိုက်ဖို့လိုပါတယ်
⚠️ အဆုတ်မကျန်းမာတော့ရင် ဘယ်လိုဖြစ်မလဲ? ⚠️
အဆုတ်မကျန်းမာတော့ရင်
❌ အသက်ရှူခက်ခဲမှုတွေကြုံလာမယ်
❌ အဆုတ်ရောင်၊ ချောင်းဆိုးရောဂါ
❌ အဆုတ်ကင်ဆာ အန္တရာယ်
စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာပြသာနာတွေကိုကြုံတွေ့နိုင်ပါတယ်။
❗ အဆုတ်ကျန်းမာရေးကို ထိန်းသိမ်းဖို့ဒီအချက်တွေလိုအပ်ပါမယ်
✅ ဆေးလိပ်မသောက်ပါနဲ့🚭 (သောက်လက်စဖြစ်နေရင်တောင် အတတ်နိုင်ဆုံး ရပ်ဖို့ကြိုးစားပါ)
✅ အဆိပ်သင့်အပေါ်ယံလေထုတွေကို မကြာခဏ မထိတွေ့ပါနဲ့။
✅ လေ့ကျင့်ခန်းများ တတ်နိုင်သလောက်ပြုလုပ်ပါ
✅ ဗီတာမင် ၊အသီးအနှံ၊ အသားများ၊ ငါးမျိုးစုံစားပြီး အာဟာရမှန်မှန်ယူပါ။
✅ တစ်နှစ်တစ်ကြိမ် ကျန်းမာရေး စစ်ဆေးပေးပါ
🫁 အဆုတ်ကောင်းရင် အသက်ရှူသက်သာ သက်တောင့်သက်သာ နေထိုင်နိုင်မှာမို့ သင့်ရဲ့အဆုတ်ကျန်းမာရေးကို အခုမှစပြီး ဂရုစိုက်ပါရှင့်
Credit