🔥 ရန်ကုန်မြို့ရဲ့ အစည်ကားဆုံး #ရေကျော်ပွဲစျေး
ဒီနေ့စပြီနော် .. .. 🥰
❤️ရေကျော်ပွဲစျေးဆိုတာက…
“ အမှတ်တရတွေ အများကြီးနဲ့ ဖန်တီးထားတဲ့ ပွဲတော်တစ်ခု ..
😍 ရေကျော်ပွဲစျေးမှာ ကိုယ်ချစ်တဲ့သူတွေနဲ့
ပျော်ရွှင်စရာ ပွဲစျေးတွေလိုက်ပတ်ခဲ့ဖူးတယ် .. ။
ရဟတ်ကို စီးချင်လွန်းလို့ လူတွေကြားထဲမှာ စိတ်ရှည်ရှည်နဲ့ စောင့်ခဲ့ဖူးတယ် ။
🔺သူငယ်ချင်းတွေနဲ့ အတူ ဘူးသီးကျော်တို့လို မုန့်တွေအများကြီး လိုက်ပတ်စားခဲ့ဖူးတယ် ...
💥သတိထားရမယ့်အချက်က
ဒီရေကျော်ပွဲစျေးက ပျော်စရာကောင်းပေမယ့်
နှစ်တိုင်း လူအမြဲတိုးရတာမို့ လူကြီးပိုင်းတွေ / ကလေးငယ်လေးတွေဆိုရင်တော့ ပွဲအထဲထိဝင်သွားရင်
လူအရမ်းကြပ်လွန်းလို့ အဆင်ပြေမှာတော့မဟုတ်ဘူး ။
🔺 ရေကျော်ပွဲစျေးကတော့ အခုချိန်ထိကိုအသက်၀င်ပျော်ရွှင်စရာကောင်းနေဆဲပဲ ၊၊ အမှတ်တရတွေနဲ့ ရေကျော်လမ်းမက ခမ်းနားနေဆဲပါ
❣️ ပွဲတော်ရက်ကတော့ October 1 ရက်မှ 7 ရက်အထိ လုပ်မယ်လို့ သိရပါတယ် ။
အခု တင်ထားတဲ့ ပုံလေးတွေကတော့
ရေကျော်ပွဲစျေး ပထမဆုံးရက်အမှာ ရိုက်ကူးထားတဲ့ ပုံလေးတွေဖြစ်ပါတယ် ခင်ဗျာ ။
( တစ်ပုံခြင်းစီ ဝင်ပြီး ကြည့်သွားပါဦးနော်
သွားရောက်လည်ပတ်ချင်တဲ့သူတွေအတွက် ပွဲကျင်းပတဲ့နေရာကတော့
🗺️ Google map မှာ ရေကျော်စျေးလို့ရှာပြီးသွားလို့ရပါတယ် ။
ပုဇွန်တောင်မြို့နယ် အမှတ် ( ၈ ) ရပ်ကွက်မှာပါနော်
#foodinyangon ❤️
( ရန်ကုန်မြို့စားသောက်ဆိုင်လမ်းညွန် )

image