စစ်ရှုံးနေသော TNLA ဆက်တိုက်ချေမှုန်းခံနေရပြီး ဒီမနက်မှာလည်း နမ္မတူနဲ့ မန်တုံကို ​ဗုံးကြဲလို့ သုံးဦးထပ်သေ

အောက်တိုဘာ ၂

နယ်မြေလုယက် တိုက်ခိုက်သတ်ဖြတ်မှုများ ကျူးလွန်နေသောကြောင့် အကြမ်းဖက်လက်နက်ကိုင်အဖြစ် ထုတ်ဆင့်ခံထားရသော တအာင်းပလောင်လက်နက်ကိုင် TNLA အခြေပြုရာ နမ္မတူနှင့် မန်တုံမြို့တို့ကို ယနေ့မနက်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၃)ဦးသေဆုံးကာ (၆)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ဝန်ခံသည်။

နယ်မြေလုယက် သတ်ဖြတ်သည့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်တော့မည်ဟု ကမ္ဘာသိကြေညာပြီးနောက် TNLA နယ်မြေလုယက်ထားရာ နောင်ချို၊ သပိတ်ကျင်း၊ ကျောက်မဲနှင့် TNLA တပ်စခန်းများစွာကို ပြန်လည် သိမ်းယူ တိုက်ခိုက်နေသည့် တပ်မတော်က ယနေ့ နံနက် ၇ နာရီ ၂၀ အချိန်၌ လေကြောင်းဖြင့် နမ္မတူမြို့တွင် (၁)လုံးနှင့် မန်တုံမြို့တွင် (၄)လုံးတို့ဖြင့် ဗုံးများလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။

ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် နမ္မတူမြို့ရှိ လူ (၃)ဦး သေဆုံးခဲ့ပြီး (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၈)အိမ်လည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟုဆိုသော်လည်း မန်တုံမြို့ ထိခိုက်ပျက်စီး သေဆုံးမှု မဖော်ပြထားပေ။

TNLA သည် ယင်းတို့အခြေစိုက်ရာ တပ်စခန်းများ ဗုံးကြဲခံရပြီး အသေအပျောက်များပါက လိမ်လည်ဖုံးဖိကာ ထုတ်ပြန်မှုမရှိတော့သလို သေဆုံးသူများကိုလည်း အရပ်သားဟုသာ ကြေညာပြီး TNLA တပ်သားများ သေဆုံးမှုကို တစ်ကြိမ်တစ်ခါမျှ ထုတ်ပြန်လေ့မရှိသလို ယခုလည်း သေဆုံးသူများကို အရပ်သားဟုသာ ထုတ်ပြန်ထားသည်။

Credit - Myanmar Transparency News Agency

#centralnewsnaypyitaw

image
image
image