ငှက်ပျောပင်မှ ဇီဝ မြေသြဇာ အရည်ပြုလုပ်နည်း
ငှက်ပျော ပင်နုနု နေမထွက်ခင်တူးပေးပြီ (၃)ပိသာကို နုပ်နုပ်စင်းပါ
ထန်းလျက် (၁)ပိသာကို ရေ ၃.လီတာဖြင့် ကြိုပေးပါ။ ငှက်ပျောပင်စဥ်းထားသည့်ထဲထည့်ပါ
အိုင်အိုဒင်း ဆား၂၀. ကျပ်သားထည့်ပေးပါ အရည်ထွက်အောင် နယ်ပေးပါ။
ဆန်ဆေးရည် ၅.လီတာ ထည့်ပေးပြီး ၁၅.ရက်ခန့် ထားပေးပါ
ရရှိလာမည် ငှက်ပျော အရည်ကို စစ်ယူပါ။
အသုံးပြုမယ်ဆိုရင် ၃.ဇွန်းကို ရေ ၂၀လီတာ နူန်း ၇.ရက်တစ်ခါဖျန်းပေးပါ။
စပါး၊ပဲ၊နှမ်း၊ပြောင်း ၊ခရမ်း၊ငရုပ် ၊ဟင်းသီးဟင်းရွက် စသဖြင့် သီးပင် စားပင်များလည် အသုံးပြုလို့ရပါတယ်။
မြေပြင်ပေးမယ်ဆိုရင် မြေအောက်မှာရှိတဲ့ ဘက်တီးရီးယာ ဗိုင်းရပ်စ် ဓာတုအကြွင်းကျန် ကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ငှက်ပျေားပင်ဇီဝ ၁.လီတာကို ရေ ၂၀.လီတာ နူန်းဖြင့် ရောပြီးမြေကို ဖျန်းပက် ပြုပြင်လို့နိုင်ပါတယ် စိုက်ပျိုးသည့်မြေ အဟာရဓာတ်ကောင်းမွန်ပြီး မြေကိုလည် ပွစေနိုင်ပါတယ်။
မှို စိုက်ပျိုးသည် နေရာမှာလည် များစွားအကျိုးရှိလှပါတယ်။ ငှက်ပျောပင်မှာ အဓိက ဟော်မုန်းတမျိုးဖြစ်တဲ့ အောက်ဇင်သည်အပင်ကို နုပျိုကြီးထွားစေပါတယ်။
မြေဆွေးပြုလုပ်သည့်နေရာမှာ ငှက်ပျော်ပင်ဇီဝကို အသုံးပြုပေးမယ်ဆိုရင် အလွယ်တကူ Em. ထက်နှစ်ဆပိုမိုဆွေးမြေ့ လွယ်ကူစေပါတယ်။ငှက်ပျောပင်ဇီဝ အကျိုးကျေးဇူးပေါင်း ၅၀.ကျော်လောက်ရှိပါတယ်။