နာပိုလီအတွက် ၂ ဂိုးသွင်းယူနိုင်ပြီးနောက် အိပ်မက်မက်နေတဲ့ ညတစ်ညပိုင်ဆိုင်နိုင်ခဲ့ပြီလို့ ဟွိုင်းလန်း ပြောကြားလာ

အောက်တိုဘာ ၂

ယူနိုက်တက်မှ အငှားဖြင့် လာရောက်ကစားနေတဲ့ ရာစမပ်စ်ဟွိုင်းလန်းဟာ စပို့တင်းလစ္စဘွန်းအား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အိပ်မက်မက်နေတဲ့ ညတစ်ည ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြားလာပါတယ်။

နာပိုလီတိုက်စစ်မှူးဟွိုင်းလန်းဟာ မနေ့ညက စပို့တင်းလစ္စဘွန်းအား ၂-၁ ဖြင့် အနိုင်ရရှိကာ နာပိုလီတို့ ပထမဆုံးချန်ပီယံလိဂ်နိုင်ပွဲ ရရှိတဲ့ ပွဲစဉ်တွင် ကီဗင်ဒီဘရိုင်းရဲ့ ဖန်တီးမှုများမှ ဂိုးသွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။

အဖွင့်ပွဲတွင် မန်စီးတီးကို ၂-၀ ဖြင့် အရေးနိမ့်ခဲ့တဲ့ နာပိုလီဟာ ၃၆ မိနစ်တွင် ဟွိုင်းလန်းရဲ့ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ၆၂ မိနစ်တွင် ဆွာရက်ဇ်က ပင်နယ်တီကနေ တဆင့် စပို့တင်းအတွက် ချေပဂိုးသွင်းခဲ့ပါတယ်။

ဒါပေမယ့် ဟွိုင်းလန်းဟာ ၇၉ မိနစ်မှာ နာပိုလီတို့ ၂-၁ ဖြင့် အနိုင်ရရှိစေမယ့် အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

ဟွိုင်းလန်းဟာ ယူနိုက်တက်တွင် ကစားတဲ့ ၂ ရာသီတွင် ချန်ပီယံလိဂ်ဂိုး ၅ ဂိုးသွင်းယူခဲ့သူလည်း ဖြစ်ပါတယ်။

အသက် ၂၂ နှစ်ရှိ ဟွိုင်းလန်းက " ဒီညက အိပ်မက်မက်နေတဲ့ညပါ။ ချန်ပီယံလိဂ်ကစားခွင့်ရနေတာပါ။ ဒီမှာ ကစားရတာ ပျော်လို့ နာပိုလီလိုဂိုကို ထိပြီးအောင်ပွဲခံခဲ့တာ။ ဥရောပပြိုင်ပွဲမှာ ဂိုးသွင်းရတာ ပျော်လို့ ချန်ပီယံလိဂ်လိုဂိုကို ထိခဲ့တာ"လို့ ပြောကြားသွားပါတယ်။

ဟွိုင်းလန်းဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် အတ္တလန္တာမှ ပေါင် ၇၂ သန်းဖြင့် ပြောင်းလာပြီးနောက် ယူနိုက်တက်အတွက် ၉၅ ပွဲကစားခဲ့ရာမှာ ၂၆ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာ ၂၀၂၄-၂၅ ရာသီတွင် ပရီးမီးယားလိဂ်ဂိုး ၄ ဂိုးတည်းသာ သွင်းထားနိုင်ပေမယ့်လည်း နာပိုလီအတွက် ၅ ပွဲကစားထားရာမှာ ၃ ဂိုးသွင်းထားနိုင်ပြီ ဖြစ်ပါတယ်။

နာပိုလီဟာ ဟွိုင်းလန်းရဲ့ အငှားစာချုပ်အတွင်းတွင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိပါက ပေါင် ၃၈ သန်းဖြင့် အပြီးသတ်ခေါ်ယူမယ့်အချက်ကို ထည့်သွင်းထားပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image