❝စားသုံးဆီနဲ့ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေတွေအတွက် အမေရိကန်ဒေါ်လာ ၂.၁ သန်းကျော်ကို ဗဟိုဘဏ်က ထပ်မံရောင်းချပေးခဲ့❞

အောက်တိုဘာ ၂

CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၂.၁ သန်းကျော်ကို စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေနဲ့ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေတွေအတွက် ရောင်းချပေးခဲ့တယ်လို့ စက်တင်ဘာ ၃၀ ရက်နေ့မှာ ဗဟိုဘဏ်က အသိပေးခဲ့ပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ အမေရိကန်ဒေါ်လာ ၁,၈၁၅,၄၀၀ ကို စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေအတွက် ထုတ်ရောင်းပေးခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၆၆,၀၄၁ ကိုတော့ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေအတွက် ထုတ်ရောင်းပေးခဲ့တာပါ။

FX Trading မှာ ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာ၊ ကတ္တရာ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်း၊ စက်မှုကုန်ကြမ်း၊ ဆောက်လုပ်ရေးပစ္စည်း၊ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ တိရစ္ဆာန်အစာ၊ ထုတ်ပိုးမှုပစ္စည်းများ၊ သံမဏိ၊ စိုက်ပျိုးရေးသုံးပစ္စည်းများ၊ စားသုံးကုန်စည် တင်သွင်းတဲ့ Importer များမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့တယ်လို့လည်း ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image