❝လယ်ဝေးမှာ ရေကြီးနေလို့ နေအိမ်တွေ အရေးပေါ် ရွှေ့ပြောင်းခဲ့ရ❞

အောက်တိုဘာ ၂

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ စက်တင်ဘာ ၂၉ ရက်က စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

အဆိုပါ ရေကြီးရေလျှံမှုတွေကနေ လူနေအိမ်တွေထဲအထိ ရေဝင်ရောက်နစ်မြုပ်လို့ ဒေသခံအများအပြားကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဘေးလွတ်ရာပြောင်းရွှေ့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

လယ်ဝေးမြို့နယ်၊ ရုံးပင်အုပ်စု၊ ငှက်ပျောတောရွာကနေအိမ်တွေထဲ ရေဝင်ရောက်လာတဲ့အတွက် စက်တင်ဘာ ၃၀ ရက်မနက်ပိုင်းမှာ နေအိမ်တွေထဲက ဒေသခံတွေကို အရေးပေါ်ပြောင်းရွှေ့ခဲ့ရတာလို့ သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image