ငါးတုန်ယမ်း ချက်နည်း......။😋
ချဥ်စပ်မွှေးလေးနဲ့ သောက်လို့အရမ်းကောင်းတဲ့ဟင်းရည်လေး
ကြက်ဥကြော််လေးနဲ့ တအားလိုက်သောလေး
ချက်ရတာလည်း အရမ်းလွယ်တဲ့ဟင်းလေး...
လိုအပ်တဲ့ပါပစ္စည်းများ........
- သံပုရာသီး
- ပဒဲကော
- စပါလင်
- ရှောက်ဘီလူးရွက်
- ခရမ်ချဉ်သီး
- ကြက်သွန်နီ
- ရှမ်းနံနံ
- ကိုယ်အဆင်ပြေတဲ့ မှို
ချက်နည်း........
ငါးကိုအနေတော်တုံးပြီးဆားလေးနည်းနည်းနဲ့နယ်ထားပါ
အရည်ကို ကိုယ်လိုသလောက်ထည့်ပြီးဆူအောင်တည်ပါ။
ပြီးရင် ကြက်သွန်နီ လေးစိတ်ကွဲ၊ ခရမ်းချဉ်သီး လေးစိတ်ကွဲ၊ ပဒဲကောနဲ့ စပါလင်လှီးထည့်၊ ရှောက်ရွက်ထည့်၊ တုန်ယမ်းခဲထည့်ပါ။ (မရှိရင်ဆားနဲ့ကြက်သားမုန့်ပဲထည့်ပါ။)
ရေဆူအောင်တည်ပြီး ငါးတွေထည့်ပါ။
ငါးထည့်ပြီး မိနစ်နှစ်ဆယ်လောက်ဆို ကိုယ်ကြိုက်တဲ့မှိုထည့်ပါ။
အရသာအတွက် ငံပြာရည်ထည့်ပါ။
မှိုတွေကျက်ရင် ငရုပ်သီးအလှော်တောင့် သို့မဟုတ် ငရုပ်သီးစိမ် တောင့် ကြိုက်တာထည့်ပါ။
နောက်ဆုံး အရသာလေးမြည်းကြည့်ပြီး ရှမ်းနံနံပင်နဲ့ ရှောက်ဘီလူးရွက်လေးခပ်ပေးပြီးရင် ရပါပြီးရှင့်....။
မီးပိတ်ပြီး ကိုယ်အချဉ်ကြိုက်သလောက် သံပုရာသီးညှစ်ထည့်ပြီး စားကောင်းတဲ့ ငါးတုမ်ယမ်းလေး စားလို့ရပါပြီးရှင့်....။😋😋😋

image