4 w - Translate

မုန်တိုင်းငယ်အရှိန်ကြောင့် နိုင်ငံအနှံ့ မိုးဆက်ရွာဦးမည်
ဧရာဝတီ ၊ အောက်တိုဘာ ၁ ၊ ၂၀၂၅
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ၂ ကြိမ် ဖြစ်ပေါ်နိုင်ပြီး ၁ ကြိမ် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သဖြင့် အောက်တိုဘာလ ပထမပတ် ၁၀ ရက်အတွင်း နိုင်ငံအနှံ့မိုးထစ်ချုန်းရွာနိုင်မည်ဟု မိုးလေဝသ နှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန်သတိပေးထားသည်။
နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး မန္တလေးတိုင်း၊ မကွေးတိုင်း ၊ စစ်ကိုင်းတိုင်းအောက်ပိုင်း ၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟု ဆိုသည်။
ထို့ပြင် နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ၈ ရက်မှ ၁၀ ရက်ခန့်နှင့် မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့၌ ၅ ရက်မှ ၇ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ဟု သတိပေးထားသည်။
ယခုရက်ပိုင်းအတွင်းမိုးရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေ အမှတ်ထက် ၁ ပေခန့် ကျော်လွန်နေပြီး နောက် ၁ရက်အတွင်း ၃ ပေခန့် ရောက်ရှိနိုင်သဖြင့် မြေနိမ့်ပိုင်း နေထိုင်သူများ ကြိုတင်ရှောင်ရှားကြရန် မိုး/ဇလနှင့် ဒေသခံ လူမှုကူညီရေးအဖွဲ့များက သတိပေးထားသည်။
ယနေ့ နံနက်ပိုင်းမှစ၍ မယ်ဆိုင်ချောင်းရေ တက်လာမှုကြောင့် တာချီလိတ်မြို့ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့ ရေများဝင်ရောက်နေသဖြင့် ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြကြောင်း ဒေသခံများထံက သိရသည်။

image